ချောင်းဆုံမြို့နယ်တွင် မူးယစ်ဆေးဝါးအန္တရာယ် ကြိုတင်ကာကွယ်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်ကွင်းဆင်း ဆောင်ရွက်

ချောင်းဆုံ   ဇွန်  ၁၃

မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်ရှိ လူငယ်လူရွယ်များ၊ ကျောင်းသား/သူများအနေဖြင့် မူးယစ်ဆေးဝါးအန္တရာယ်မှ ကြိုတင်ကာကွယ်နိုင်ရေး နှင့် အသိပညာဗဟုသုတတိုးပွားစေရန် စာဖတ်ရှိန်မြှင့်တင်ရေးလုပ်ငန်းများကို မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကာ ယနေ့နံနက်(၁၀)နာရီက မုရစ်ကြီး(မူလွန်)ကျောင်းတွင် အသိပညာပေးဟောပြောပွဲနှင့် နံရံကပ် စာစောင်များပြသခြင်းလုပ်ငန်းကို ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

အဆိုပါဟောပြောပွဲတွင် မြို့နယ်(ပြန်/ဆက်)ဦးစီးဌာန (ဒု-ဦးစီးမှူး) ဒေါ်ဝင်းဝင်းချောက စာအုပ်စာပေမှရရှိမည့် အသိပညာဗဟုသုတများ၊ စာဖတ်ခြင်း၏ အကျိုးကျေးဇူးများအကြောင်းနှင့် မူးယစ်ဆေးဝါးအန္တရာယ်များအကြောင်း သိကောင်းစရာများကို အသိပညာပေးဟောပြောခဲ့ပြီး ကျောင်းသား/သူများ သိလိုသည်များကို ပြန်လည်ဖြေကြားပေးခြင်းနှင့် မူးယစ်ဆေးဝါးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေး၊ စာဖတ်ရှိန်မြှင့်တင်ရေး နံရံကပ်စာစောင်၊ ကလေးစစ်သားပပျောက်ရေး အသိပညာပေးနံရံကပ်စာစောင်နှင့်ကလေးအလုပ်သမား လျော့နည်းပပျောက်ရေးစသည့် နံရံကပ်စာစောင်များ ပြသခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)