လိပ်သိုဒေသတွင် နဂါးမောက်ပင်များကို စီးပွားဖြစ်စိုက်ပျိုးနိုင်ရန် စမ်းသပ်စိုက်ပျိုး

လိပ်သို ဇွန် ၁၃

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုဒေသရှိ ဒေသခံနေထိုင်သူများမှာ စိုက်ပျိုးရေးလုပ်ငန်းကို အဓိကထားလုပ်ကိုင် အသက်မွေးဝမ်းကျောင်းပြုကြသော်လည်း နဂါးမောက်ပင်များကို စိုက်ပျိုးခဲ့မှုမရှိ၍ စားသုံးရန် အခြားမြို့များမှ ဝယ်ယူစားသုံးလျက်ရှိကြကြောင်း သိရသည်။

နဂါးမောက်သီးကို ကြိုက်နှစ်သက်၍ စိုက်ပျိုးရန် ဝါသနာပါသူများက မိမိတို့၏ အိမ်ခြံဝင်းအတွင်းတွင် စမ်းသပ်စိုက်ပျိုးလာလျက်ရှိကြရာ အချို့စိုက်ပျိုးသူများ အောင်မြင်ဖြစ်ထွန်းကြောင်း သိရသည်။

အချို့တောင်သူများက စီးပွားဖြစ်စိုက်ပျိုးနိုင်ရန် မိမိတို့၏ ကျေးရွာရေမြေရာသီဉတုနှင့် ဆီလျော်မှု ရှိ/မရှိ လေ့လာခြင်း၊ နည်းပညာနှင့် မျိုးကောင်းမျိုးသန့်များရရှိရန် ရှာဖွေလေ့လာလျက်ရှိကြောင်း သိရသည်။

ခင်လေးနွယ်(လိပ်သို)