မြို့နယ်လူထုအခြေပြုဗဟိုဌာန၌ စာဖတ်ဝိုင်း ပြုလုပ်

ပြန်ကြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၏ ရည်ရွယ်ချက်၌ ပြည်သူကို မျက်နှာမူသော ပြည်သူ့ဝန်ဆောင်မှု အသိပညာပေး လုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ခြင်း၊ ဆောင်ပုဒ် (၃) ရပ်ဖြစ်သည့်၊ ပြန်ကြားပေးရန် (Information)၊ ပညာပေးစည်းရုံးလှုံ့ဆော်ရန် (Education)၊ ဖျော်ဖြေပေးရန် (Entertainment)နှင့် လုပ်ငန်းတာဝန် (၁၀) ရပ်တွင် ပါဝင်သည့် ပြည်သူများ အသိပညာ မြင့်မားရေးနှင့် ခရိုင်/မြို့နယ် ပြည်သူ့စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေး အကောင်အထည်ဖော်ဆောင်ရွက်ခြင်း၊ စသည့် ဦးစီးဌာန၏ ရည်ရွယ်ချက်၊ ဆောင်ပုဒ်၊ လုပ်ငန်းတာဝန်များအား အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

(၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ခရိုင်အဆင့်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား ထားဝယ်မြို့တွင်ကျင်းပ

(၂၄)ကြိမ်မြောက်မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးခရိုင်အဆင့် ပြိုင်ပွဲဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်း၊ ပညာ့ဗိမာန်ခန်းမ၌ ကျင်းပခဲ့သည်။  

ဝမ်းတွင်းမြို့နယ်ရှိ အခြေခံပညာကျောင်းများ၌ နွားနို့တိုက်ကျွေးရေးအစီအစဥ်များ ဆောင်ရွက်

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ်ရှိ အခြေခံပညာကျောင်းများ၌ ကျောင်းသား၊ ကျောင်းသူလေးများအား နွားနို့တိုက်ကျွေးရေးအစီအစဥ် (School Milk Programme)များကို ဆောင်ရွက်လျက်ရှိရာ ယမန်နေ့မွန်းလွဲပိုင်းက အ.မ.က(မင်းကုန်း)နှင့် နတ်ကန်အရှေ့(မူလွန်)ကျောင်းတို့တွင် ဆောင်ရွက်ခဲ့ကြသည်။

ကလိန်အောင်မြို့ လူထုအခြေပြုဗဟိုဌာန၌ စာအုပ်စာစောင် ခင်းကျင်းပြသခြင်း ဆောင်ရွက်

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် စာအုပ်စာ စောင်များကို ယမန့်နေ့  မွန်းလွဲ (၁) နာရီခွဲ အချိန်က ပြသခဲ့ကြောင်း သိရသည်။

မွန်ပြည်နယ်ဝန်ကြီးချုပ် ပြည်နယ်၊ ခရိုင်နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့်တွေ့ဆုံပွဲတက်ရောက်

မွန်ပြည်နယ်အတွင်း အုပ်ချုပ်ရေး၊ စီးပွားရေး၊ လူမှုရေးနှင့် ဒေသဖွံ့ဖြိုးရေးကိစ္စရပ်များ ပူးပေါင်းဆောင်ရွက်နိုင်ရန် ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် မော်လမြိုင်မြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့်တွေ့ဆုံပွဲကို ယမန်နေ့နံနက်ပိုင်းက မော်လမြိုင်မြို့၊ ပြည်နယ်ခန်းမတွင်ကျင်းပရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦး‌အောင်ကြည်သိန်း၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ တာဝန်ရှိသူများ တက်ရောက်သည်။

လှိုင်းဘွဲမြို့နယ် မြန်မာ့စီးပွားရေးဘဏ်၌ ပင်စင်စား အငြိမ်းစားဝန်ထမ်းများအား ပင်စင်လစာများ ပုံမှန်ထုတ်ပေးလျက်ရှိ

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် ပင်စင်စား အငြိမ်းစားဝန်ထမ်းများအတွက် ပင်စင်လစာများကို လစဉ်ပုံမှန်ထုတ်ပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းက စတင်၍ မြန်မာ့စီးပွားရေးဘဏ်၌ ထုတ်ပေးလျက်ရှိကြောင်း သိရသည်။

စဉ့်ကိုင်မြို့နယ်၌ ပြည်သူများအား စားအုန်းဆီများကို ရည်ညွှန်းဈေးဖြင့် ရောင်းချ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်တွင် ဒေသနေပြည်သူများ သက်သာသောဈေးနှုန်းဖြင့် ဝယ်ယူစားသုံးနိုင်ရန် စားအုန်းဆီများကို ရည်ညွှန်းဈေးနှုန်းဖြင့် ယမန်နေ့ နံနက် (၈)နာရီအချိန်က  အိုးထိန်းတောင်ကျေးရွာ၌ မြန်မာနိင်ငံ ဆီကုန်သည်နှင့်    ဆီလုပ်ငန်းရှင်များ အသင်းအစီအစဉ်ဖြင့် ပလိပ်ကျေးရွာအုပ်စု၊ စျေးကွက်သစ်ရပ်ကွက်နေ  ဦးကျော်ဆွေဝင်း+  ဒေါ်ခင်လဲ့ကြည်  (ငွေပင်လယ်မိသားစု)  တို့မှရောင်းချပေးခဲ့ကြောင်း သိရသည်။

မြဝတီမြို့နယ်အတွင်းရှိ  အသက် (၉) နှစ်ပြည့်ပြီး (၁၂)နှစ်မကျော်သော မိန်းကလေးများအား သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေး (HPV)ထိုးနှံနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများနှင့် ရပ်ကွက်/ကျေးရွာများမှ  အသက် ၉ နှစ် ပြည့်ပြီး  ၁၂ နှစ် မကျော်သော မိန်းကလေးများအား  သားအိမ်ခေါင်းကင်ဆာရောဂါ  ကာကွယ်ဆေး (HPV) ထိုးနှံနိုင်ရေး  လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို  ယနေ့နံနက် ၁၀ နာရီတွင်   မြဝတီခရိုင်  အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ခန်းမဆောင်၌ ကျင်းပသည်။

ဘူးသီးတောင်မြို့၌ ရခိုင်ပြည်နယ်ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းမှ စားသုံးဆီ တစ်ပိဿာလျှင် ၄၉၀၀ ကျပ်နှုန်းဖြင့် ဆက်လက်ရောင်းချပေး

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့၌ မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းအစီအစဉ်ဖြင့် ရခိုင်ပြည်နယ်ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းမှ စားသုံးသူပြည်သူများသူ အမှတ်(၇)ရပ်ကွက် မြတောင်ဘုန်းတော်ကြီးကျောင်းရှေ့လမ်းမပေါ် ၌စုရပ်ထားရှိကာ ယမန်နေ့ညနေပိုင်းက ပြည်သူများသို့စားသုံးဆီများ ဆက်လက်ရောင်း ချပေးခဲ့ကြသည်။

ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်တွင် စားအုန်းဆီ ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချပေး

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းမှ ပြည်သူများ စားသုံးဆီနှင့် ပတ်သတ်၍ အခက်အခဲမရှိစေရေး စားအုန်းဆီများအား နယ်လှည့်ဈေးကားဖြင့် ရပ်ကွက်၊ ကျေးရွာများတွင် လှည့်လည်ရောင်းချခြင်း၊ ဆီအရောင်းဆိုင်များတွင် အထိုင်ရောင်းချခြင်းများကို နေ့စဉ် ရောင်းချပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းက  စဉ့်ကိုင်မြို့ ဒေါ်လာဆီအရောင်းဆိုင်နှင့် အိုးထိန်း‌တောင် ကျေးရွာများတွင် စားအုန်းဆီများအား ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချပေးခဲ့ကြောင်း သိရသည်။
Subscribe to