ငဖဲမြို့နယ် သရက်ပင်ကျေးရွာအခြေခံပညာမူလတန်းကျောင်းတွင် စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်ကွင်းဆင်းဆောင်ရွက်

မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား၊ကျောင်းသူများ ကျောင်းပြင်ပအသိ ပညာဗဟုသုတတိုးပွားစေရန်နှင့် စာဖတ်ရှိန်မြှင့်တင်ရန် ရည်ရွယ်၍ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှဝန်ထမ်းများက နယ်လှည့် အသိပညာပေးကွင်းဆင်းခြင်းကို ယနေ့နံနက် ၉ နာရီက သရက်ပင်ကျေးရွာ အခြေခံပညာမူလတန်းကျောင်းတွင် ကျင်းပဆောင်ရွက်ခဲ့သည်။

နမ့်စန်မြို့ အ.မ.က(၂ရပ်ကွက်)တွင် School Milk Programme အစီအစဉ်ဖြင့် ကျောင်းသားကျောင်းသူများကို အဟာရပြည့် နွားနို့နှင့်ကြက်ဥတိုက်ကျွေး

ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်တွင် ကျောင်းသား၊ကျောင်းသူလူငယ်လူရွယ်များအား ကျန်းမာသန်စွမ်းပြီးဗလငါးတန်နှင့်ပြည့်စုံ၍ ပညာရေးတွင်ထူးချွန်သည့် လူငယ်လူရွယ်များဖြစ်လာစေရန်ရည်ရွယ်၍ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ၊ Sunjin Myanmar Companyနှင့် မိုးရိပ်ရှမ်းတောင်ပရဟိတအသင်းတို့ပူးပေါင်းပြုလုပ်သော School Milk Programme အစီအစဉ်ဖြင့် အာဟာရတိုက်ကျွေးခြင်းအား ယနေ့နံနက်၉နာရီက အမှတ်(၂)ရပ်ကွက်အခြေခံပညာမူလတန်းကျောင်းတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဘိုကလေးမြို့နယ်တွင် တရားမဝင်ဘီယာများ သယ်ယူရောင်းချခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေး

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်အတွင်းတွင် အခွန်တံဆိပ်ကပ်နှိပ်ထားခြင်းမရှိသော ပြည်ပမှတရားမဝင် ဝင်ရောက်လာသည့် ဘီယာများ သယ်ယူရောင်းချနေမှု ရှိ/မရှိကို ယနေ့နံနက်(၁၀)နာရီအချိန်၌ ဘိုကလေးမြို့ပေါ်ရှိ အရက်၊ ဘီယာ လက်ကားရောင်းချနေ‌သော(FL-12)ဆိုင် (၁၃)ဆိုင်အား ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။

ပင်လုံမြို့၌ အသက်(၁)နှစ်ခွဲအောက် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးတိုက်ခြင်း၊ ဆေးထိုးခြင်းလုပ်ငန်းများဆောင်ရွက်

ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ ပင်လုံမြို့တွင် ကျန်းမာရေးဝန်ကြီးဌာနအောက်ရှိ မိခင်နှင့်ကလေးကျန်းမာရေးဌာန၌ ယနေ့နံနက် ၉ နာရီအချိန်က (၁)နှစ်ခွဲအောက်ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးတိုက်ခြင်း၊ ဆေးထိုးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။

မိုင်းဖြတ်မြို့နယ်တွင် စာသင်ကျောင်းများ၌ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး ပူးပေါင်းဆောင်ရွက်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် မိုးရာသီကာလ၌ ဖြစ်ပွားသည့် သွေးလွန်တုပ်ကွေးရောဂါကြိုတင်ကာကွယ်ရေး ဖုံး၊ သွန်၊ လဲ၊စစ်လုပ်ငန်းကို ယနေ့နံနက် ၉ နာရီအချိန်က အ.ထ.က (မိုင်းဖြတ်)နှင့် အ.ထ.က (ဟိုနား) ကျောင်းတို့တွင် သက်ဆိုင်ရာပူးပေါင်းအဖွဲ့တို့က ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

လူငယ်များ ဗလငါးတန်ပြည့်စုံစေရန် အခြေခံပညာအထက်တန်းကျောင်း(သဗြုဆိပ်ညောင်ချောင်း)၌ လူငယ်စကားဝိုင်းကျင်းပ

လူငယ်များ ဗလငါးတန်ပြည့်စုံပြီး အသိပညာဗဟုသုတတိုးပွားစေရန်၊ လူအများရှေ့တွင် ရဲဝံ့စွာ စကားပြောဆိုတတ်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်ရည်ရွယ်ပြီး ကျိုက်လတ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာန၊ အခြေခံပညာဉီးစီးဌာနနှင့် အားကစားနှင့်ကာယပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသည့် လူငယ်စကားဝိုင်းကို ကျိုက်လတ်မြို့နယ်၊ သဗြုဆိပ်ညောင်ချောင်း ကျေးရွာ၊ အခြေခံပညာအထက်တန်းကျောင်း၌ ယနေ့၊ နံနက်ပိုင်းက ကျင်းပခဲ့သည်။

ကဝမြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင် ပြသဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသခြင်း၊ နယ်လှည့်စာကြည့်တိုက်လုပ်ငန်းဆောင်ရွက်ခြင်းကို ယနေ့နံနက်(၁၀)နာရီက အမှတ်(၃) အ.မ.က(မူလွန်) ကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။

ညောင်ဦးခရိုင် ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ညောင်ဦးခရိုင်အဆင့်ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက် ၁၀ နာရီခွဲအချိန်က ကျင်းပခဲ့သည်။

သံဖြူဇရပ်လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးတိုက်ဖျက်ရေးနေ့အထိမ်းအမှတ်ဟောပြောပွဲနှင့် ပြပွဲ/ပြိုင်ပွဲပြုလုပ်

မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ သံဖြူဇရပ်မြို့နယ်၌ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ ဇွန်လ(၂၆)ရက်နေ့တွင်ကျရောက်မည့် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် အသိပညာပေး ဟောပြောပွဲနှင့်စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုအဖြစ် ပြပွဲ/ပြိုင်ပွဲများကို ယမန်မွန်းလွဲပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ပြုလုပ်သည်။

မအူပင်မြို့၌  မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ‌တော် ကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့၊ အလန်းကြီးကျေးရွာအုပ်စု၊ အလန်းကြီးကျေးရွာရန်ကုန်-ကျိုက်လတ်ကားလမ်းမကြီးဘေးတွင် မြို့နယ်အ‌ထွေထွေအုပ်ချုပ်ရေးဦးစီဌာနမှ ယနေ့နံနက် (၉)နာရီက မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ‌တော်ကျင်းပ ပြုလုပ်ခဲ့သည်။
Subscribe to