ဖလမ်းမြို့၌ မြေပြိုကျမှုကြောင့် နေအိမ်တစ်လုံးပျက်စီး

ချင်းပြည်နယ်၊ ဖလမ်းမြို့၌ မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် စက်တင်ဘာလ ၂၁ ရက်၊ နံနက်ပိုင်းက လူနေအိမ်တစ်လုံးပေါ်တွင် မြေပြိုကျပြီး နံရံအက်ကွဲပျက်စီးသွားခဲ့ကြောင်း သိရသည်။

ကလေးမြို့တွင် Mobile ဖုန်းဖြင့် ဗီဒီယိုတည်းဖြတ် ပေးပို့နည်းသင်တန်းဖွင့်လှစ်

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) တွင် သတင်းဗီဒီယိုများ ပေးပို့ရာတွင် အခြေခံသဘောတရားများကို သိရှိနားလည်ပြီး လက်တွေ့အသုံးပြုတတ်စေရန်ရည်ရွယ်၍ Mobile ဖုန်းဖြင့် သတင်းဗီဒီယိုတည်းဖြတ် ပေးပို့နည်းသင်တန်းကို ယမန်နေ့နံနက်ပိုင်းက ကျင်းပခဲ့သည်။

ကလေးမြို့တွင် သောက်ရေသန့်ထုတ်လုပ်ဖြန့်ဖြူးသည့် ရေသန့်စက်ရုံများကို တာဝန်ရှိသူများမှ ကွင်းဆင်းစစ်ဆေး

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ ကလေးမြို့၌ သောက်ရေသန့်ထုတ်လုပ်ဖြန့်ဖြူးသည့် ရေသန့်စက်ရုံများအား တာဝန်ရှိသူများမှကွင်းဆင်းစစ်ဆေးခြင်းကို ယမန်နေ့နံနက်ပိုင်းက တောင်ဇလပ်သောက်ရေသန့်စက်ရုံနှင့် နန်းထိုက်စံရေသန့်စက်ရုံတို့တွင် ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ဟုမ္မလင်း၌ သက်ကြီးဘိုးဘွားများကျန်းမာရေး စောင့်ရှောက်မှုဆောင်ရွက်ပေး

စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန ကုသခန်းမဆောင်တွင် သက်ကြီးဘိုးဘွားများအား ကျန်းမာရေးစောင့်ရှောက်ပေးခြင်းကို စက်တင်ဘာလ ​​ ယနေ့နံနက် (၉)နာရီမှ (၁၂) နာရီထိ အပတ်စဥ်သောကြာနေ့တိုင်း ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ဟင်္သာတမြို့နယ်တွင် အသက် (၉) နှစ်ပြည့်ပြီး အသက် (၁၂) နှစ်မကျော်သော ကျောင်းသူများအား သားအိမ်ခေါင်းကင်ဆာ ရောဂါကာကွယ်ဆေး (HPV) များ ဆက်လက်ထိုးနှံပေး

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်တွင် အနာဂတ်မျိုးဆက်သစ်ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာ ပညာသင်ကြားနိုင်ရန် ကျောင်းအခြေပြု အသက် (၉) နှစ်ပြည့်ပြီး အသက် (၁၂) နှစ် မကျော်သော ကျောင်းသူများအား သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး (HPV) စတင်ထိုးနှံပေးခြင်းကို စက်တင်ဘာလ ၂၀ ရက်နေ့ နံနက် ၉ နာရီမှ စတင်၍ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းဆေးထိုးစုရပ်များတွင် ဆက်လက်ထိုးနှံပေးနေကြောင်း သိရသည်။

ကျုံပျော်တွင် လူငယ်များ ဗလငါးတန်ဘက်စုံဖွံ့ဖြိုးစေရန် လူငယ်စကားဝိုင်းကျင်းပ

လူငယ်များ ဗလငါးတန်ပြည့်စုံစေရန်၊ လူအများနှင့် ဆွေးနွေး‌ပြောဆိုမှု ပြုတတ်စေရန်အတွက် ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျုံပျော်မြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော လူငယ်စကားဝိုင်း ဆွေးနွေးပွဲကို ကျုံ‌ပျော်မြို့၊ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း၊ အောင်ဆန်းခန်းမ၌ ယမန်နေ့ ‌နေ့လယ် ၁ နာရီခွဲအချိန်က ကျင်းပပြုလုပ်ခဲ့သည်။

မိုးမောက်မြို့ အ.ထ.က(မိုးမောက်)၌ လူငယ်စကားဝိုင်းကျင်းပ

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မိုးမောက်မြို့ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူပေါင်းကျင်းပသည့် လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ယမန်နေ့နံနက် (၁၀)နာရီတွင် အ.ထ.က(မိုးမောက်) ပညာရတနာခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

နတ်မောက်မြို့ အခြေခံပညာအလယ်တန်းကျောင်း (တမာပင်)၌ လူငယ်စကားဝိုင်းဆွေးနွေးပွဲ ကျင်းပ

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ယမန်နေ့နံနက် (၉)နာရီအချိန်တွင် အခြေခံပညာအလယ်ကျောင်း(တမာပင်)ခန်းမ၌ ကျင်းပခဲ့သည်။

မန်ကန်မြို့နယ်တွင် လူငယ်ရေးရာအသိပညာပေး စာအုပ်ပြပွဲနှင့် နယ်လှည့်စာငှားခြင်း ဆောင်ရွက်

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မန်ကန်မြို့နယ်တွင် လူငယ်များအသိပညာတိုးပွားရေး၊ နိုင်ငံတော်တွင် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်လာစေရန်၊ နိုင်ငံ့သားကောင်းရတနာများဖြစ်သည့် လူငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ကျောင်းစာများအပြင် ပြင်ပစာပေများကို လေ့လာကြည့်ရှု၍ အသိပညာဗဟုသုတရရှိစေရန် ရည်ရွယ်၍ လူငယ်ရေးရာ အသိပညာပေး စာအုပ်ပြပွဲကို စက်တင်ဘာလ ၂၀ ရက်နေ့ မန်ကန်မြို့၊ အခြေခံပညာမူလတန်းလွန်းကျောင်း(မန်ပန်)တွင် သွားရောက်ဆောင်ရွက်ခဲ့သည်။

ကံမမြို့နယ်၌ အငြိမ်းစားဝန်ထမ်းများ၏ စက်တင်ဘာလအတွက် ပင်စင်လစာငွေများအား ပုံမှန်ထုတ်ပေး

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ် မြန်မာ့စီးပွားရေးဘဏ်မှ အငြိမ်းစားဝန်ထမ်းများ၏ စက်တင်ဘာလအတွက် ပင်စင်လစာငွေများကို ယမန်နေ့ နံနက် ၆ နာရီမှ စတင်၍ထုတ်ပေးလျက်ရှိရာ ရပ်ကွက်ကျေးရွာများမှ ပင်စင်စားများအား နေ့အလိုက် ခွဲခြားသတ်မှတ်၍ ပင်စင်လစာငွေများကို ပုံမှန်ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
Subscribe to