ပြည်နယ်ဝန်ကြီးချုပ်ဖလား အသက် (၂၅) နှစ်အောက် အမျိုးသား၊ အမျိုးသမီး ဖူဆယ်ဘောလုံးပြိုင်ပွဲတွင် ပထမဆုဖလားရရှိခဲ့သည့် လားရှိုးခရိုင်အသင်းအား ကြိုဆိုဂုဏ်ပြုပွဲကျင်းပ

၂၀၂၄ ခုနှစ် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဖလား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဒေသများနှင့် ခရိုင်များအလိုက် အသက်(၂၅)နှစ်အောက် အမျိုးသား၊ အမျိုးသမီး ဖူဆယ်ဘောလုံးပြိုင်ပွဲတွင် ပထမဆုဖလားရရှိခဲ့သော အားကစားသမားများအား ကြိုဆိုဂုဏ်ပြုပွဲအခမ်းအနားကို ယနေ့နံနက် (၁၀) နာရီအချိန်က လားရှိုးမြို့၊ မိုးလုံလေလုံအားကစားရုံတွင် ကျင်းပသည်။

ကရသူရိမြို့၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေး‌ဟောပြောခြင်းဆောင်ရွက်

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ကရသူရိမြို့၌ မိုးဦးရာသီတွင်ဖြစ်ပွားတတ်သည့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောခြင်းကို ယနေ့နံနက် ၁၀ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

တံတားမြို့ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ စာဖတ်ဝိုင်း ပြုလုပ်ကျင်းပ

ရန်ကုန်တိုင်း‌ဒေသကြီး၊ သန်လျင်ခရိုင်၊ တံတားမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနလူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် စာပေဝါသနာရှင်များနှင့်(Book Club) အဖွဲ့များပူးပေါင်း၍ စာရေးဆရာ‌‌ နတ်ရှင်(ရွှေဂူ) ရေးသားသည့် “အနာဂတ်ကို‌‌ မျှော်တွေးပါ”စာအုပ်ဖြင့် ယနေ့နံနက်(၉)နာရီ အချိန်က စာဖတ်ဝိုင်း ကျင်းပပြုလုပ်ခဲ့သည်။

ပုလောမြို့၌ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်‌ရေးအတွက် အဘိတ်ဆေးခတ်ခြင်းများ ကွင်းဆင်းဆောင်ရွက်

ပုလောမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဦးဆောင်၍ ပုလောမြို့ပေါ်ရပ်ကွက်များရှိ အခြေခံပညာကျောင်းများတွင် သွေးလွန်တုပ်ကွေးရောဂါ ကင်းဝေးစေရေးနှင့် ကျန်းမာရေးနှင့်ညီညွတ်သည့် ပတ်ဝန်းကျင်တွင် နေထိုင်နိုင်ရေး၊ ပိုးလောက်လမ်းများ ခိုအောင်းမှုမရှိစေရေးအတွက် အဘိတ်ဆေးခတ်ခြင်းကို ယမန်နေ့နံနက် ၉ နာရီအချိန်က ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

မိုးနဲမြို့နယ် နားခံကျေးရွာအုပ်စုအတွင်း စိုက်ပျိုးထားသော မိုးသီးနှံများအား ကွင်းဆင်းကြည့်ရှု

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူများက နားခံကျေးရွာအုပ်စု ဝမ်ယေးကျေးရွာတွင် တောင်သူများ စိုက်ပျိုးထားသော မိုးသီးနှံများအောင်မြင် ဖြစ်ထွန်းမှုအခြေအနေများကို ယနေ့နံနက် ၉ နာရီအချိန်က ကွင်းဆင်းကြည့်ရှုခဲ့ကြောင်း သိရသည်။

ဒလမြို့နယ်တွင် သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြေရေး ၂၀၂၄ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော် ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဒလမြို့နယ်တွင် သဘာဝပတ်ဝန်းကျင်စိမ်းလန်းဆိုပြေရေး ၂၀၂၄ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်ကို ယနေ့နံနက် (၈) နာရီ (၃၀)မိနစ်အချိန်က ညောင်ငုတ္တိုကျေးရွာအုပ်စု၊ ထော်အောက်-ညောင်ငုတ္တို ဆက်သွယ်ရေးလမ်းမဘေး၌ ကျင်းပခဲ့သည်။

ရွှေတောင်မြို့နယ်၊ မူလွန်နတ်မှော်ကျောင်း၌ နယ်လှည့်စာကြည့်တိုက်၊ နံရံကပ်စာစောင်၊ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၊ နွားမယံကျေးရွာအုပ်စု၊ မူလွန်နတ်မှော်ကျောင်းတွင် ယနေ့နံနက်ပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တိုင်းရင်းဆေးကုသရေးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနတို့ ပူးပေါင်း၍ နယ်လှည့်စာကြည့်တိုက်၊ နံရံကပ်စာစောင်၊ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲ ကျင်းပခဲ့သည်။

နတ်မောက်မြို့ အခြေခံပညာအထက်တန်းကျောင်း(အောင်ဆန်း)သို့ စာအုပ်စာစောင်များ အခမဲ့သွားရောက်ငှားရမ်း

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ကျောင်းသား/သူများ စာဖတ်ရှိန်မြင့်မားရေး၊ စာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းများဖြစ်ပေါ်လာစေရန်၊ ကျောင်းစာအပြင် ပြင်ပစာပေ၊ ဗဟုသုတရရှိစေရန်ရည်ရွယ်၍  ရွေ့လျားစာကြည့်တိုက်မော်တော်ယာဉ်ဖြင့် စာအုပ်စာစောင်များကို အခမဲ့ငှားရမ်းပေးလျက်ရှိရာ ယမန်နေ့နံနက်ပိုင်းက အခြေခံပညာအထက်တန်းကျောင်း(အောင်ဆန်း)သို့သွားရောက်၍ သုတ/ရသစာအုပ်စာစောင်များ ငှားရမ်းပေးခဲ့သည်။

တနင်္သာရီမြို့နယ် အမှတ်-၂ စစ်နယ်မြေမှူးက မြို့နယ်သံဃာ့နာယကဥက္ကဋ္ဌ ဆရာတော်အား ဆွမ်းဆန်နှင့် ဆီလှူဒါန်း

တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့နယ် အမှတ်-၂ စစ်နယ်မြေမှူး ဗိုလ်မှူးကြီးမျိုးမင်းသူသည် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမင်းအောင်၊ မြို့ နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် (၂) ဦးကျော် ကျော်ခေါင်၊ တနင်္သာရီမြို့နယ်၊ စရတ (ကရခ) ခွဲ(၂) စု(၃) တပ်စုမှူး ဒုအရာခံဗိုလ်မောင်စိုးနှင့် အဖွဲ့ဝင်များလိုက်ပါလျက်

ကော့သောင်းမြို့တွင် “အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်‌ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ်” အသိပညာပေး လူငယ်စကားဝိုင်းကျင်းပ

၂၀၂၄ ခုနှစ်၊ ဇွန်လ(၂‌၆)ရက်နေ့တွင် ကျရောက်မည့် "အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ်" လူငယ်စကားဝိုင်းကို ကော့သောင်းခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုပြုဌာန၊ (Community Centre)ခန်းမတွင် ယနေ့နံနက်(၁၁)နာရီခွဲခန့်က ကျင်းပပြုလုပ်ခဲ့သည်။
Subscribe to