တွံ​တေးမြို့နယ် ငါးလုပ်ငန်းသိပ္ပံ (တွံတေး)၌ ဥပဒေအကြောင်းအသိပညာပေး ဟောပြောပွဲပြုလုပ်

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ် ငါးလုပ်ငန်းသိပ္ပံ (တွံတေး) ကျောင်း၌သင်တန်းတက်ရောက်နေသော ကျောင်းသား၊ ကျောင်းသူများ ဥပဒေရေးရာအကြောင်းအရာများကို ကျောင်းသား၊ ကျောင်းသူကလေးငယ်များ ကျယ်ကျယ်ပြန့်ပြန် သိရှိစေရန်အတွက် တွံတေးခရိုင်၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၏ စီစဥ်ကြီးကြပ်မှုဖြင့် ဥပဒေအကြောင်း အသိပညာပေး ဟောပြောပွဲကို ယမန်နေ့ နံနက် ၉နာရီက ငါးလုပ်ငန်းသိပ္ပံ (တွံတေး) သင်တန်းကျောင်းရှိ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဆိပ်ကြီးခနောင်တိုမြို့နယ် မြို့မဈေးကြီးအတွင်း စားအုန်းဆီရောင်းချနေမှု တာဝန်ရှိသူများ လိုက်လံကြည့်ရှုစစ်ဆေး

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်အတွင်း မြို့နယ်နေပြည်သူများ အနေဖြင့် အခြေခံစားသောက်ကုန်များအား ဈေးနှုန်းသက်သာစွာ ဝယ်သူစားသုံးနိုင်ရေးအတွက် မြို့မဈေးကြီးအတွင်း စားအုန်းဆီများအား ကုန်စုံဆိုင်များတွင်ရောင်းချပေးလျက်ရှိရာ ထိုသို့ရောင်းချပေးနေမှုအား ယနေ့နံနက်ပိုင်းက မြို့နယ်တာဝန်ရှိသူများပါဝင်သည့် ပူးပေါင်းအဖွဲ့က လိုက်လံကြည့်ရှု စစ်ဆေးခဲ့သည်။

သံဖြူဇရပ်မြို့နယ်၌ ကမ္ဘာ့ခွေးရူးရောဂါကာကွယ်တိုက်ဖျက်ရေးနေ့ ရက်သတ္တပတ်လှုပ်ရှား ဆောင်ရွက်

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်တွင် ကမ္ဘာ့ခွေးရူးရောဂါကာကွယ်တိုက်ဖျက်ရေး ရက်သတ္တပတ်လှုပ်ရှားမှုအဖြစ် ခွေးရူးရောဂါကာကွယ်ရေးအကြောင်း သိကောင်းစရာအသိပညာပေးဟောပြောပွဲကို ယမန်နေ့မွန်းလွဲပိုင်းက အမှတ်(၁)နှင့်အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းခန်းမ၌ ကျင်းပပြုလုပ်ကြောင်းသိရသည်။

မြန်အောင်ခရိုင် ငါးလုပ်ငန်းဦးစီးဌာနနှင့် ငါးမွေးကန်/အင်းလုပ် ငန်းရှင်များပူးပေါင်း၍ စျေးကားဖြင့်လှည့်လည်၍ စျေးနှုန်းချိုသာစွာဖြင့် ငါးများရောင်းချပေး

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင် မြန်အောင်မြို့နယ် ကုန်စျေးနှုန်းတည်ငြိမ်ရေးလုပ်ငန်းအဖွဲ့ ဦးဆောင်မှုဖြင့် ငါးလုပ်ငန်းဦးစီးဌာနနှင့် ငါးမွေးကန်/ အင်းလုပ်ငန်းရှင်များ ပူးပေါင်း၍ယနေ့နံနက်က  မြန်အောင်မြို့နယ် ညောင်မြစ်ဆွဲကျေးရွာအုပ်စုအတွင်းစျေးကားဖြင့် လှည့်လည်၍ စျေးနှုန်းချိုသာစွာဖြင့် ငါးများရောင်းချပေးခဲ့ကြောင်းသိရသည်။

ကွတ်ခိုင်မြို့ မူလတန်းကြိုကျောင်းတွင် ကလေးများအား ကျန်းမာရေးစစ်ဆေးခြင်းနှင့် အာဟာရမုန့်တိုက်ကျွေး

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွတ်ခိုင်ခရိုင်၊ ကွတ်ခိုင်မြို့တွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် ခရိုင်မိခင်ကလေးကြီးကြပ်‌‌ရေး‌ကော်မတီတို့မှ ကွတ်ခိုင်မှုလတန်းကြို ကျောင်းမှ ကလေးသူငယ်များအား ကျန်းမာရေးစစ်ဆေးခြင်းနှင့် အာဟာရမုန့်တိုက်ကျွေးခြင်းတို့ကို ယမန်နေ့ နေ့လယ် (၁) နာရီအချိန်က ဆောင်ရွက် ခဲ့ကြသည်။

လားရှိုးမြို့ လူထုအခြေပြုဗဟိုဌာန(Community Ctntre – Lashio)တွင် အင်္ဂလိပ်စကားပြော ရက်တိုသင်တန်း ဖွင့်လှစ်

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(လားရှိုး) Community Centre (Lashio) ရှိ သင်တန်းခန်းမတွင် ယနေ့တွင် အင်္ဂလိပ်စကားပြောရက်တိုသင်တန်း ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

တပ်ကုန်းမြို့၌ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး ဆောင်ရွက်

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ငှက်ဖျားရောဂါတိုက်ဖျက်ရေးဌာနမှ ဌာနမှူး ဦးတင်အေးနှင့် ကျန်းမာရေးဝန်ထမ်းများ၊ သွေးလွန်တုပ်ကွေးရောဂါကြိုတင်ကာကွယ်ရေးလုပ်ငန်းကို ယနေ့နံနက်ပိုင်းက ဆရာစံရပ်ကွက်တွင် ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

နေပြည်တော် ပုဗ္ဗသီရိမြို့နယ် ခေတ်ရှေ့ဆောင်ကိုယ်ပိုင်အထက်တန်း ကျောင်း၌ လူငယ်စကားဝိုင်းကျင်းပ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်တွင် ကျောင်းသား၊ကျောင်းသူ၊ လူငယ်လူရွယ်များ အသိပညာဗဟုသုတတိုးပွားစေရန်နှင့် ဗလငါးတန်ပြည့်စုံ၍ ဘက်စုံထူးချွန်ထက်မြက်သော အနာဂတ်လူငယ်လူရွယ်များ ပေါ်ထွက်လာစေရန်ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနှင့် ခေတ်ရှေ့ဆောင်ကိုယ်ပိုင်အထက်တန်းကျောင်းတို့ ပူးပေါင်းကျင်းပသော လူငယ်စကားဝိုင်းကို ယနေ့နံနက်ပိုင်းက အဆိုပါကျောင်း “အားကစား”ခန်းမ၌ ကျင်းပခဲ့သည်။

ကြံခင်းမြို့နယ် (အ.ထ.က)ဆိပ်သာကျောင်းတွင်  လူငယ်စကားဝိုင်းကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်၊ ဆုံလဲအုပ်စုတွင် လူငယ်များဗလငါးတန်နှင့် ပြည့်စုံပြီး ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်၊ စဉ်းစားတွေးခေါ်မှု စွမ်းရည်မြင့်မားလာစေရန်နှင့် လူငယ်များအချင်းချင်း ပူးပေါင်းဆွေးနွေးတတ်သော အလေ့အကျင့်ကောင်းများ ရရှိစေရန်ရည်ရွယ်ပြီး  မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းပြီး လူငယ်စကားဝိုင်းကို ယမန်နေ့ နံနက်ပိုင်းက ဆုံလဲအုပ်စု၊ (အ.ထ.က)ဆိပ်သာကျောင်း ခန်းမတွင်  ကျင်းပပြုလုပ်သည်။

ပေါက်ခေါင်းမြို့နယ်၌ မြစိမ်းရောင်စီမံကိန်းရန်ပုံငွေများ ထုတ်ချေးပေးပြီး မြစိမ်းရောင်စီမံကိန်းဖြင့် ဆောင်ရွက်သည့်မွေးမြူရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး

ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ပေါက်ခေါင်းမြို့နယ်အတွင်း ကျေးရွာများတွင် အလုပ်အကိုင်အခွင့်အလမ်းများရရှိရေး၊ ကျေးရွာဖွံဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေးအတွက်ရည်ရွယ်၍ မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြစိမ်းရောင်စီမံကိန်းအရင်း မပျောက်လည်ပတ်ရန်ပုံငွေထုတ်ချေးပေးလျက်ရှိရာ ယမန်နေ့က ကုတင်ငါးဆင့်ကျေးရွာနှင့်‌ မြောက်မကွေကျေးရွာရှိ ဘုန်းတော်ကြီးကျောင်းဓမ္မာရုံ၌ ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။
Subscribe to