မအူပင်မြို့၌ U-25 ဖူဆယ်ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား ကျင်းပ

မအူပင် ဇွန် ၁၃

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်၊ အိုင်ဝိုင်းကျေးရွာအုပ်စု၊ အိုင်ဝိုင်းကျေးရွာရှိ AM ဖူဆယ်ဘောလုံးအားကစားကွင်းတွင် ယနေ့နံနက်(၈)နာရီက U-25 ဖူဆယ်ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်သည်။

အခမ်းအနားတွင် မအူပင်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်နိုင်က ဘောလုံးစည်းမျဉ်းစည်းကမ်းများနှင့်အညီ အားကစားစိတ်ဓာတ်အပြည့်အဝဖြင့် မိမိတို့မြို့၏ ဂုဏ်သိက္ခာ၊ ခရိုင်၏ ဂုဏ်သိက္ခာကို ဖော်ဆောင်‌ပေးနိုင်မည့် အားကစားသမားကောင်းများ‌ ပေါ်ထွန်းလာစေလိုကြောင်း အဖွင့်အမှာစကားပြောကြားသည်။ ၎င်းနောက် အဖွင့်ပွဲစဉ်အဖြစ် မအူပင်မြို့နယ်အသင်းနှင့် ဓနုဖြူမြို့နယ်အသင်းတို့ ယှဉ်ပြိုင်ကစားလက်ရှိပြီး မအူပင်ခရိုင်အတွင်းရှိ မအူပင်၊ ပန်းတနော်၊ ညောင်တုန်း၊ ဓနုဖြူမြို့နယ်အသင်းများ ပတ်လည်ယှဉ်ပြိုင် ကစားသွားကြမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါဖွင့်ပွဲအခမ်းအနားသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်နိုင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတိုးတိုးဝင်းနှင့် အဖွဲ့ဝင်များ၊ အားကစားနှင့်ကာယယပညာဦးစီးဌာန ဝန်ထမ်းများ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ (၄)မြို့နယ် အားကစားသမားများ၊ နည်းပြများနှင့် ကြီးကြပ်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။                   

အောင်မြင့်မြတ်(ပြန်/ဆက်)