မက်မန်းမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် ကမ္ဘာ့ကလေးအလုပ်သမားဆန့်ကျင်တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် နံရံကပ် စာစောင်ပြသ

မက်မန်း ဇွန် ၁၃

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မက်မန်းမြို့၊ အခြေခံပညာအထက်တန်းကျောင်းတွင် ကလေး သူငယ်များအား အဓမ္မစေခိုင်းခြင်းမရှိစေရေး၊ ကလေးသူငယ်များ ဘဝလုံခြုံရေးနှင့် အရွယ်ရောက်သူ ကလေးသူငယ်များအားလုံး ကျောင်းပညာသင်ကြားစေရန် ရည်ရွယ်၍ ဇွန် လ ၁၂ ရက်နေ့တွင် ကျရောက်သည့် ကမ္ဘာ့ကလေးအလုပ်သမား ဆန့်ကျင်တိုက်ဖျက်ရေးနေ့အထိမ်း အမှတ် နံရံကပ်စာစောင်ကို ယမန်နေ့ မွန်းလွဲပိုင်းအချိန်က သွားရောက်ပြသခဲ့သည်။

အဆိုပါ နံရံကပ်စာစောင်တွင် နိုင်ငံတကာမှ ကလေးသူငယ်များလုပ်ငန်းခွင်တွင် ရောက်ရှိ၍စေခိုင်းမှု မှတ်တမ်းဓာတ်ပုံများ၊ ILO အဖွဲ့၏ ထုတ်ပြန်ချက်များ၊ ကလေးအလုပ်သမားဆိုင်ရာ တားမြစ်ချက်များ၊ ကလေးများလုပ်ငန်းခွင်များတွင် ခိုင်းစေခြင်းမရှိစေရန်အတွက် အရပ်ဘက်အဖွဲ့အစည်းများ၏ ဆောင်ရွက်မှုမှတ်တမ်းများ၊ အပြည်ပြည်ဆိုင်ပြဋ္ဌာန်းချက်များ၊ မြန်မာနိုင်ငံတွင် ကလေးအလုပ်သမား ပပျောက်ရေး ဆောင်ရွက်သည့် လုပ်ငန်းများကို မှတ်တမ်းဓာတ်ပုံများ၊ ဆောင်ပါးများ၊ ကာတွန်းများ၊ ပိုစတာဖြင့် ဝေဝေဆာဆာပြသခဲ့ရာ ကျောင်းသား/သူများက စိတ်ပါဝင်စားစွာလေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။

စောဥမ္မာ(ခရိုင်၊ပြန်/ဆက်)