၂၀၂၄ ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း လူထုအသိပညာပေးလှုံ့ဆော်ရေး Bill Board စိုက်ထူ

ရမည်းသင်း ဇွန်  ၁၃

မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့နယ်၌ ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်း လူထုအသိပညာပေးလှုံ့ဆော်ရေး Bill Board စိုက်ထူခြင်းအခမ်းအနားကို ယမန်နေ့နံနက် ၈ နာရီအချိန်က ရမည်းသင်းမြို့၊ ရွှေစည်းခုံရပ်ကွက်၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းရှေ့၊ ရန်ကုန်-မန္တလေးလမ်းဘေးတွင် ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူနိုင်ရေး   “ပြည်သူအားလုံးပါဝင်လို့ သန်းခေါင်းစာရင်း ကောက်ကြစို့” လှုံ့ဆော်ရေး အသိပညာပေးမြေစိုက်ပိုစတာ Bill Board ဆိုင်းဘုတ်အား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်သန်းခေါင် စာရင်း ကော်မတီဥက္ကဋ္ဌ ဦးမြင့်ထွန်း၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၁) ဒုတိယဗိုလ်မှူးကြီး ဇော်မျိုးထက်၊ ခရိုင်သန်းခေါင်စာရင်းကော်မတီအဖွဲ့ဝင် ဒုတိယရဲမှူးကြီး မင်းဟန်၊ ခရိုင်သန်းခေါင်စာရင်း ကော်မတီအတွင်းရေးမှူး ဦးစိုးမြင့်နှင့် မြို့နယ်သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌ ဦးမောင်ရွှေသိန်းတို့က မြေစိုက်ပိုစတာအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး အောင်သပြေနှင့် အမွှေးနံ့သာများ ပက်ဖျန်း၍ ဖွင့်လှစ်ပေးကြသည်။

၂၀၂၄ ခုနှစ် အောက်တိုဘာ (၁)ရက်နေ့မှ (၁၅)ရက်နေ့အထိ ‌ကောက်ယူဆောင်ရွက်မည့် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင် စာရင်းကောက်ယူခြင်းလုပ်ငန်းများကို မြို့နယ်အတွင်းရှိ ပြည်သူများ ကျယ်ကျယ်/ပြန့်ပြန့် သိရှိနိုင်စေရန်နှင့် ပူးပေါင်းပါဝင်နိုင်ရေးအတွက် အများပြည်သူများ အသွားအလာများပြီး လူစည်ကားရာနေရာဖြစ်သည့် မြို့မဈေးအနီး သီလဝခန်းမရှေ့၌  သန်းခေါင်စာရင်းကောက်ယူနိုင်ရေး “ပြည်သူအားလုံးပါဝင်လို့ သန်းခေါင်စာရင်းကောက်ကြစို့” မြေစိုက်ပိုစတာစိုက်ထူထားကာ အသိပညာပေးလက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

အဆိုပါ အသိပညာပေး မြေစိုက်ပိုစတာစိုက်ထူ ဆောင်ရွက်ရာသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်သန်းခေါင်စာရင်ကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ခရိုင်နှင့်မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ စုစုပေါင်း(၁၅၀)ကျော် တက်ရောက်ကြ​ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)