မိုင်းခုတ် ဇွန် ၁၃
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့၊မိုင်းလုံးကျေးရွာ အုပ်စုအတွင်းရှိ စာသင်ကျောင်းများ၌ ယနေ့နံနက်ပိုင်းက သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရေးလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင်ကျေးရွာ အုပ်စုများထဲရှိ စာသင်ကျောင်းများနှင့် ကျောင်းပတ်ဝန်းကျင်၊ လမ်းပတ်ဝန်းကျင်နေရာများတွင် ဖုံး၊ သွန်၊ လဲ၊ စစ်လုပ်ငန်းများ ဆောင်ရွက်ခြင်း၊ ပိုးလောက်လမ်းသေဆေး(အဘိတ်ဆေး)ခတ်ခြင်း၊ ကျောင်းခန်းများအတွင်းရှိ ခြင်ကျားခိုအောင်းနိုင်သော နေရာများကိုရှင်းလင်းခြင်း၊ မိမိတို့ ကျောင်းပတ်ဝန်းကျင်ရှိ ခြင်ပေါက်ပွားရာနေရာများ သန့်ရှင်းရေးဆောင်ရွက်ခြင်း စသည့်ကျောင်းတွင်း၌ အလင်းရောင်ကောင်းမွန်စွာ ရရှိစေရန်ပြုလုပ်ခြင်းလုပ်ငန်းများကို ကျေးလက်ကျန်းမာရေးဦးစီးဌာနခွဲမှ သားဖွားဆရာမ ဒေါ်နှင်းယုယုနိုင်ဦးဆောင်၍ သက်ဆိုင်ရာ ကျေးရွာတာဝန်ခံအုပ်ချုပ်ရေးမှူး၊ ရပ်ကျေးစာရေးနှင့် ကျောင်းအုပ်ဆရာ/ ဆရာမများက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
သီတာအေး (ပြန်/ဆက်)