မောက်မယ်မြို့နယ်၌ ထွေအုပ်စာရေးဝန်ထမ်းများ လုပ်ငန်းစွမ်းဆောင်ရည်မြှင့်မာရေး သင်တန်းပို့ချ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်၌ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန စာရေးဝန်ထမ်းများအား လုပ်ငန်းစွမ်းဆောင်ရည်မြှင့်မားရေးသင်တန်းကို ယနေ့နံနက် ၉ နာရီခွဲက အဆိုပါ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အခြေခံပညာအလယ်တန်းကျောင်း (ခွဲ) စျေးတန်းကျောင်းတွင် ကျောင်းကျန်းမာရေးလှုပ်ရှားမှုများ ကွင်းဆင်းဆောင်ရွက်

ရှမ်းပြည်နယ် (တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်၌ ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ကျန်းမာရေးဝန်ထမ်းများတို့က အသိပညာပေးဟောပြောခြင်းနှင့် ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းလုပ်ငန်းများကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က အခြေခံပညာအလယ်တန်းကျောင်း (ခွဲ) စျေးတန်းကျောင်း၌ ကွင်းဆင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ကန့်ဘလူမြို့၌ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောနှင့် စာအုပ်စာစောင်၊ နံရံကပ်စာစောင်ပြပွဲ ကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်ဥပဒေရုံးတို့ပူးပေါင်းပြီး ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲနှင့် စာအုပ်စာစောင်၊ နံရံကပ်စာစောင်ပြပွဲကို ယနေ့နံနက် ၉ နာရီခွဲက လူထုအေခြပြုဗဟိုဌာန၌ ကျင်းပသည်။

မွန်ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်းအမှတ်စဉ်(၂/၂၀၂၄) ဖွင့်လှစ်

မွန်ပြည်နယ်တွင် စိုက်ပျိုးရေးကဏ္ဍဖွံ့ဖြိုးတိုးတက်လာစေရေး တောင်သူများအား နည်းပညာပေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ပေးနေသည့် စိုက်ပျိုးရေးဦးစီးဌာန  ဝန်ထမ်းများအား မွန်ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်း အမှတ်စဉ်(၂/၂၀၂၄)ဖွင့်ပွဲအခမ်းအနားကို ဇွန်လ ၁၃ ရက်နေ့က ချောင်းဆုံမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံး၊ အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

အခြေခံပညာမူလတန်းကျောင်း(နမ့်ပါမုန်း)သို့ လူကုန်ကူးမှုဆိုင်ရာ အသိပညာပေးဟောပြောပွဲ ဆောင်ရွက်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုးနဲမြို့နယ်၊ ကျိုင်းတောင်းမြို့ အခြေခံပညာမူလတန်းကျောင်း (နမ့်ပါမုန်း)သို့သွားရောက်၍ ကျောင်းသား ကျောင်းသူများအား ကျောင်းစာများအပြင် ပြင်ပအသိပညာဗဟုသုတများရရှိစေရန် ရည်ရွယ်၍ ယနေ့နံနက်(၁၀)နာရီခွဲအချိန်ခန့်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ ဝန်ထမ်းများက လူကုန်ကူးမှုဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ကွင်းဆင်း၍ ဟောပြောဆွေးနွေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မိုင်းဆတ်ခရိုင် လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ "ကလေးအလုပ်သမားပပျောက်ရေး" အသိပညာပေးဟောပြောပွဲကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ "ကလေးအလုပ်သမားပပျောက်ရေး" အသိပညာပေးဟောပြောပွဲကို ယမန်နေ့မွန်းတည့်(၁၂)နာရီခွဲက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရေတာရှည်မြို့နယ်၌ မိုးစပါးစိုက်ဧကများ ပန်းတိုင်ရည်မှန်းချက်ပြည့်မီရေးအတွက် စိုက်ဧကများအား ကွင်းဆင်းကြည့်ရှုစစ်ဆေး

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်၌ ၂၀၂၄ ခုနှစ် မိုးစပါးစိုက်ပျိုးဧကများ ပန်းတိုင်ရည်မှန်းချက်ပြည့်မီရေးအတွက် မြို့နယ်ကွင်းဆင်းစိစစ်ကြပ်မတ်ရေးအဖွဲ့မှ ယနေ့နံနက်ပိုင်းက သပြေတန်းကျေးရွာရှိ မိုးစပါးစိုက်ဧကများအား ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။

သရက်ချောင်းမြို့နယ်တွင် မိုးစပါးစိုက်ပျိုးရန်အတွက် တောင်သူများအား စိုက်ပျိုးစရိတ်ချေးငွေများ စတင်ထုတ်ချေး

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ မြို့နယ်အတွင်းရှိ မိုးစပါးစိုက်ပျိုးသည့်တောင်သူများအား ၂၀၂၄ ခုနှစ်၊ မိုးစပါးစိုက်ပျိုးရန်အတွက် စိုက်ပျိုးစရိတ်ချေးငွေများကို ယမန်နေ့ နံနက်ပိုင်းမှစ၍ စတင်ထုတ်ချေးပေးလျက်ရှိကြောင်း သိရသည်။

ရေတာရှည်မြို့နယ်၌ စားသုံးဆီအမျိုးမျိုးနှင့်ပတ်သက်၍ ဥပဒေပါပြဌာန်းချက်များနှင့် ညွှန်ကြားချက်အမိန့်များကို စားသုံးဆီထုတ်လုပ်ဖြန့်ဖြူးရောင်းချသည့် လုပ်ငန်းရှင်များအား ရှင်းလင်းဆွေးနွေး

ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ ဦး​ဆောင်၍ ရေတာရှည်မြို့နယ်အတွင်း စားသုံးဆီအမျိုးမျိုးရောင်းချသည့် လုပ်ငန်းရှင်များအားတွေ့ဆုံ၍ ထုတ်ပြန်ထားရှိသည့် ဥပဒေပါပြဌာန်းချက်များ၊ ညွှန်ကြားချက်အမိန့်များကို သိရှိနိုင်‌စေရန် ယမန်နေ့ မွန်းလွဲပိုင်းက မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၌ ရှင်းလင်းဆွေးနွေးပွဲ ကျင်းပသည်။

ဇီးကုန်းမြို့နယ် ကြက်ခြေနီအသင်း(ခွဲ)မှ စိတ်ပိုင်းဆိုင်ရာ အားပေးကူညီခြင်း အသိပညာပေးဟောပြောခြင်းဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ဇီးကုန်းမြို့နယ် ကြက်ခြေနီအသင်း(ခွဲ)မှ စိတ်ပိုင်းဆိုင်ရာ အားပေးကူညီခြင်း အသိပညာပေးဟောပြောခြင်းကို ယနေ့ နံနက် ၉ နာရီခွဲက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ၌ ကျင်းပပြုလုပ်ခဲ့သည်။
Subscribe to