ဇမ္ဗူသီရိမြို့နယ်၌ စားသုံးဆီဈေးနှုန်း တည်ငြိမ်မှုရှိစေရေး စားသုံးဆီရောင်းချသည့် ဈေးဆိုင်များအား ကွင်းဆင်းစစ်ဆေး

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်အတွင်း စားသုံးဆီဈေးနှုန်း တည်ငြိမ်မှုရှိစေရေး စားသုံးဆီရောင်းချသည့် ဈေးဆိုင်များအား ကွင်းဆင်းစစ်ဆေးခြင်းကို ယမန်နေ့နံနက်ပိုင်းက တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့သည်။

တောင်တွင်းကြီးမြို့နယ်တွင် မူးယစ်တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ပန်းချီပြိုင်ပွဲကျင်းပ

ဇွန်လ(၂၆)ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်း အမှတ်ပန်းချီပြိုင်ပွဲကို တောင်တွင်းကြီးမြို့နယ်  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ပြည်သူ့စာကြည့်တိုက် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယနေ့နံနက် ၉ နာရီခွဲအချိန်က  ကျင်းပပြုလုပ်ခဲ့သည်။

တိုက်ရိုက်မျိုးစေ့ချကိရိယာ (Seeder) ဖြင့် မိုးစပါးမျိုးစေ့ချစိုက်ပျိုးခြင်း ကွင်းသရုပ်ပြပွဲ ကျင်းပပြုလုပ်

မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်၊ ရိုးဂိုးကျေးရွာ  တောင်သူဦးဝင်းထွန်း၏ လယ်ကွင်းအမှတ် ၈၁၃ ဦးပိုင်အမှတ် ၆၈(က) လယ်မြေ၌ ယမန်နေ့နံနက်ပိုင်းက တိုက်ရိုက်မျိုးစေ့ချကိရိယာ (Seeder) ဖြင့် မိုးစပါးမျိုးစေ့ချစိုက်ပျိုးခြင်း ကွင်းသရုပ်ပြပွဲ ကျင်းပခဲ့သည်။

ထန်းတပင်မြို့နယ်တွင် အခြေခံမော်တာအပ်ချုပ်စက်သင်တန်းဆင်းပွဲ ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများနှင့် မိသားစုဝင်ငွေတိုးပွားစေရန် ရည်ရွယ်၍ ၂၀၂၄-၂၀၂၅ ခု ဘဏ္ဍာရေးနှစ် အသက်မွေးဝမ်းကျောင်းအထောက်အကူပြုသင်တန်းဖြစ်သည့် အခြေခံမော်တာအပ်ချုပ်စက်သင်တန်းကို ကလိန်ကျေးရွာအုပ်စု၊ ကလိန်ကျေးရွာတွင် ဖွင့်လှစ်ဆောင်ရွက်ရှိရာ ယမန်နေ့နံနက်ပိုင်းက သင်တန်းဆင်းပွဲအခမ်းအနားကို ကျင်းပခဲ့ကြောင်း သိရသည်။

ကျောက်ဖြူခရိုင် အထွေထွေအုပ်ချုပ်ရေးဉီးစီးဌာန မိသားစုစည်းရုံးရေးကော်မတီမှ စာပေဆွေးနွေးပွဲ (၉/၂၀၂၄) ပြုလုပ်

ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင် အထွေထွေအုပ်ချုပ်ရေးဉီးစီးဌာန အစည်းအဝေးခန်းမ၌ ယမန်နေ့ မွန်းလွဲပိုင်းက ခရိုင်အထွေထွေအုပ်ချုပ်ရေးဉီးစီးဌာနမှကြီးမှူး၍ မိသားစုစည်းရုံးရေးကော်မတီမှ စာပေဆွေးနွေးပွဲ (၉/၂၀၂၄)ကိုပြုလုပ်သည်။

မြိတ်မြို့တွင် မိုးစပါးစိုက်ဧက(၁၅၃၈)အတွက် မြစိမ်းရောင်(သမဝါယမကဏ္ဍ)မှ တောင်သူများအား ကျပ်(၃၀၇.၆)သန်းနှင့် ညီမျှသော သွင်းအားစု/မျိုးစပါးများ မတည်ထုတ်ချေးပေး

တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့၏ နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေအစီအစဉ်ဖြင့် မိုးစပါးစိုက်ပျိုးရေးစီမံကိန်းမြစိမ်းရောင် (သမဝါယမကဏ္ဍ)မှ မြိတ်မြို့နယ်အတွင်းရှိ သမဝါယမအသင်းသားတောင်သူများအား မိုးစပါးစိုက်ဧက(၁၅၃၈)ဧကအတွက် မြို့နယ်သမဝါယမဦးစီး ဌာနမှ တစ်ဧကအထွက်နှုန်းတိုးတက်စေရန် ငွေကျပ် (၃၀၇.၆)သန်းနှင့်ညီမျှသော သွင်းအားစုများနှင့် မျိုးစပါးများကို ယမန်နေ့နေ့လယ်ပိုင်းက  မြို့နယ်သမဝါယမအသင်းစုရုံးတွင် မတည်ထုတ်ချေးပေးအပ်ခဲ့ကြသည်။

ကျိုက်မရော၌ ၂၀၂၄-၂၀၂၅ ခုနှစ်အတွက် မိုးစပါးစိုက်ဧက(၅၆၀၁၂)စိုက်ပျိုးရန်လျာထား

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ခုနှစ်အတွက် မိုးစပါးဧက(၅၆၀၁၂)အား လျာထားစိုက်ပျိုးလျက်ရှိရာ ယနေ့ထိ မိုးစပါးစိုက်ပျိုးရန်အတွက်  တောင်သူများအနေဖြင့် မြေပြင်ပြီး ဧက(၁၅၉၀၀)ကျော်ရှိပြီးဖြစ်၍  စပါးအထွက်နှုန်း တိုးတက်မြင့်မားစေရန် ဆည်ရေသောက်စနစ်နှင့် ချောင်းပိတ်၊ မြောင်းပိတ်စနစ်ဖြင့် စိုက်ပျိုးရာသီတွင် အဆင်သင့်ဖြစ်စေရေးအတွက်ပျိုးထောင်ပြီး ဧကပေါင်း(၈၆၀)ဧကရှိပြီး မြေပြင်တွင်စိုက်ပျိုးပြီး ဧကမှာ(၄၇၀၄)စိုက်ပျိုးထားပြီးဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနနှင့် ကြေးတိုင်နှင့်မြေစာရင်းဦးစီးဌာနတို့မှ တာဝန်ရှိသူထံမှ သိရသည်။

ကန့်ဘလူမြို့၌ Book Club အသင်းနှင့် စာပေဝါသနာရှင်များပူးပေါင်း၍ စာဖတ်ဝိုင်း ကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန၌ စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း(Book Club)နှင့် စာပေဝါသနာရှင်များ ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေးလုပ်ငန်းအဖြစ် ကောင်းစံသာ(ရေကြည်)ရေးသားသည့် “လူငယ်လမ်းညွှန် စာစုများ(၁)”စာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယမန်နေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။

လေးမျက်နှာမြို့နယ် ခုံကြီးတံတားတည်ဆောက်ခြင်းလုပ်ငန်းသို့ ကွင်းဆင်းစစ်ဆေး

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်၌ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ တာဝန်ယူဆောင်ရွက်သော ၂၀၂၄-၂၀၂၅ခု ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီးရန်ပုံငွေ ကျပ်သန်း(၇၂၇.၇၇၈)ဖြင့် ခတ္တူ-ခုံကြီး-ခြောက်ဆယ်-ရိုးကြီးလမ်းပေါ်ရှိ ခုံကြီးတံတား(၂၂၀ပေ)ဒုတိယပိုင်း တည်ဆောက်ခြင်းလုပ်ငန်းခွင်သို့ တာဝန်ရှိသူများက ဇွန်လ (၁၂)ရက်နေ့ နေ့လယ်ပိုင်းတွင် ကွင်းဆင်းစစ်ဆေးခဲ့သည်။

ကန်ကြီးထောင့်မြို့နယ်တွင် မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် ဒေသခံပြည်သူများ စစ်ကြောင်း ၅ ကြောင်းဖြင့် ကွင်းဆင်းတွေ့ဆုံ

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်အတွင်းလုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေးနှင့် ဒေသဖွံ့ဖြိုးရေးအတွက် မြို့နယ်အဆင့်ဌာနဆိုင်ရာများပါဝင်သော စစ်ကြောင်းကြီး(၅)ကြောင်းနှင့် ဒေသခံပြည်သူများတွေ့ဆုံပွဲကို ယမန်နေ့နံနက်ပိုင်းက ညောင်ကုန်းကျေးရွာအုပ်စု၊ ကံစုကျေးရွာရှိ ရွှေကန်ရာမဓမ္မာရုံတွင် ပြုလုပ်ခဲ့သည်။ 
Subscribe to