ထန်းတပင်(ရန်ကုန်) ဇွန် ၁၄
ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများနှင့် မိသားစုဝင်ငွေတိုးပွားစေရန် ရည်ရွယ်၍ ၂၀၂၄-၂၀၂၅ ခု ဘဏ္ဍာရေးနှစ် အသက်မွေးဝမ်းကျောင်းအထောက်အကူပြုသင်တန်းဖြစ်သည့် အခြေခံမော်တာအပ်ချုပ်စက်သင်တန်းကို ကလိန်ကျေးရွာအုပ်စု၊ ကလိန်ကျေးရွာတွင် ဖွင့်လှစ်ဆောင်ရွက်ရှိရာ ယမန်နေ့နံနက်ပိုင်းက သင်တန်းဆင်းပွဲအခမ်းအနားကို ကျင်းပခဲ့ကြောင်း သိရသည်။
သင်တန်းဆင်းပွဲတွင် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲလင်းနိုင်နှင့် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးထွန်းဦးကြည်တို့က သင်တန်းဆင်းအမှာစကားပြောကြားခဲ့ကြပြီး သင်တန်းဆင်းလက်မှတ်များကို သင်တန်းသား၊ သင်တန်းသူများထံသို့ ပေးအပ်ခဲ့ကြကြောင်း သိရသည်။
အဆိုပါသင်တန်းကို မေလ(၁၅)ရက်နေ့မှ ဇွန်လ(၁၃)ရက်နေ့အထိ တစ်လကြာ ဖွင့်လှစ်ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး သင်တန်းသို့ ကျေးရွာနေပြည်သူ (၂၀)ဦးတို့ တက်ရောက်ခဲ့ကြကြောင်းလည်း သိရသည်။
ဇင်မင်းထိုက်(ထန်းတပင်)