လေးမျက်နှာမြို့နယ် ခုံကြီးတံတားတည်ဆောက်ခြင်းလုပ်ငန်းသို့ ကွင်းဆင်းစစ်ဆေး

လေးမျက်နှာ ဇွန် ၁၄

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်၌ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ တာဝန်ယူဆောင်ရွက်သော ၂၀၂၄-၂၀၂၅ခု ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီးရန်ပုံငွေ ကျပ်သန်း(၇၂၇.၇၇၈)ဖြင့် ခတ္တူ-ခုံကြီး-ခြောက်ဆယ်-ရိုးကြီးလမ်းပေါ်ရှိ ခုံကြီးတံတား(၂၂၀ပေ)ဒုတိယပိုင်း တည်ဆောက်ခြင်းလုပ်ငန်းခွင်သို့ တာဝန်ရှိသူများက ဇွန်လ (၁၂)ရက်နေ့ နေ့လယ်ပိုင်းတွင် ကွင်းဆင်းစစ်ဆေးခဲ့သည်။

ကျေးရွာများလမ်းပန်းဆက်သွယ်ရေး ပိုမိုကောင်းမွန်စေရန်၊ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး၊ လူမှုရေးကိစ္စများ အစစအရာရာအဆင်ပြေချောမွေ့စေရန်ရည်ရွယ်၍ တည်ဆောက်သော ခုံးကြီးတံတားအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။ ထို့နောက် မြို့နယ်ဦးစီးမှူးက လုပ်ငန်းဆာင်ရွက်နေမှုနှင့် ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်များရှင်းလင်းတင်ပြခဲ့ပြီး အင်ဂျင်နီယာချုပ်(မြို့ပြ) ဦးကျော်ကျော်ထွေးက လုပ်ငန်းများသတ်မှတ်စံချိန်စံညွှန်းနှင့်အညီ Design/ Drawing များကိုက်ညီမှုရှိစေရန်နှင့် အရည်အသွေးပြည့်မှီစေရန် မှာကြားခဲ့သည်။

ကွင်းဆင်းစစ်ဆေးရာတွင် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၊ တံတားတည်ဆောက်ရေးအဖွဲ့(ရုံးချုပ်) နေပြည်တော်မှ အင်ဂျင်နီယာချုပ်(မြို့ပြ) ဦးကျော်ကျော်ထွေး၊ ဟင်္သာတခရိုင်‌‌ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး(မြို့ပြ) ဦးကိုကိုသိန်းဇော်လင်း၊ လေးမျက်နှာမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး(မြို့ပြ) ဦးကျော်လွင်နှင့် မြို့နယ်တာဝန်ခံ အင်ဂျင်နီယာများက ကွင်းဆင်းစစ်ဆးခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)