ဇမ္ဗူသီရိမြို့နယ်၌ စားသုံးဆီဈေးနှုန်း တည်ငြိမ်မှုရှိစေရေး စားသုံးဆီရောင်းချသည့် ဈေးဆိုင်များအား ကွင်းဆင်းစစ်ဆေး

ဇမ္ဗူသီရိ ဇွန် ၁၄

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်အတွင်း စားသုံးဆီဈေးနှုန်း တည်ငြိမ်မှုရှိစေရေး စားသုံးဆီရောင်းချသည့် ဈေးဆိုင်များအား ကွင်းဆင်းစစ်ဆေးခြင်းကို ယမန်နေ့နံနက်ပိုင်းက တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့သည်။

ထို့သို့ ကွင်းဆင်းစစ်ဆေးရာတွင် ဇမ္ဗူသီရိမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ခေတ္တဥက္ကဋ္ဌဦးဖြိုးကျော်စွာနှင့်အဖွဲ့ဝင်များ၊ နေပြည်တော်စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ရှိသူများ၊ စျေးစည်ပင်မှတာဝန်ရှိသူများ၊ ရဲတပ်ဖွဲ့ဝင်များပူးပေါင်းကာ ဇမ္ဗူသီရိမြို့နယ်အတွင်းရှိ ​သပြေကုန်းစျေး၊ မြို့မစျေး၊ သရဖီစျေး၊ ဂန္ဓမာစျေးနှင့် ချယ်ရီစျေးအတွင်းရှိ စားသုံးဆီရောင်းချသည့်ဆိုင်များအား စားသုံးဆီများ သတ်မှတ်အရည်အသွေးပြည့်မီစေရေး၊ စားသုံးသူများ ကျန်းမာရေးနှင့်ညီညွတ်သော စားသုံးဆီများသုံးစွဲနိုင်ရေး၊ ဈေးနှုန်းတည်ငြိမ်စွာဖြင့် ပြည်သူများဝယ်ယူစားသုံးနိုင်ရေးတို့အတွက် ကွင်းဆင်းစစ်ဆေးခဲ့ပြီး စားသုံးဆီရောင်းချသည့်ဆိုင်များအား သတ်မှတ်ဈေးထက် ဈေးနှုန်းမြှင့်တင်ရောင်းချမှုမရှိစေရေးနှင့် ဈေးနှုန်းမြှင့်တင်ရောင်းချမှုရှိပါက ဖော်ထုတ်အရေးယူခြင်းနှင့် အရေးယူဆောင်ရွက်သွားမည့် အရာများအား ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။

ဟိန်းသူအောင်(ပြန်/ဆက်)