ကျောက်ဖြူ ဇွန် ၁၄
ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင် အထွေထွေအုပ်ချုပ်ရေးဉီးစီးဌာန အစည်းအဝေးခန်းမ၌ ယမန်နေ့ မွန်းလွဲပိုင်းက ခရိုင်အထွေထွေအုပ်ချုပ်ရေးဉီးစီးဌာနမှကြီးမှူး၍ မိသားစုစည်းရုံးရေးကော်မတီမှ စာပေဆွေးနွေးပွဲ (၉/၂၀၂၄)ကိုပြုလုပ်သည်။
ဉီးစွာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ ဉီးနေမင်းသူက အဖွင့်အမှာစကားပြောကြားရာတွင် မည့်သည့်စာပေမဆို ဖတ်ပါ၊ မှတ်ပါ၊ လေ့လာပါဆိုတဲ့စကားကြီးသုံးခွန်းဟာ ပညာဗဟုသုတရှာဖွေသူတိုင်းအတွက် တိုက်တွန်းထားသောစကားဖြစ်ပါကြောင်း၊ စာအုပ်စာပေဖတ်ရှုခြင်းသည် လူတိုင်းအတွက်ကောင်းမွန်သည့် အရာတစ်ခုပါဖြစ်ကြောင်း၊ စာအုပ်စာပေဖတ်ရှုကြရာတွင် စာအုပ်၊ စာပေအမျိုးအစားအပေါ်တွင်မူတည်ပြီး မရေတွက်နိုင်သည့် အကျိုးကျေးဇူးများစွာရရှိနိုင်ပါကြောင်း၊ စာပေဖတ်ရှုခြင်းဖြင့် ထိုမျှသောအကျိုးကျေးဇူးများကို ရရှိမည်ဖြစ်ကြောင်း၊ ဘဝတွင်စာပေဖတ်ရှုခြင်းသည် မည်မျှအရေးပါကြောင်းကို လူတိုင်းသိထားပြီဖြစ်သည့်အတွက် ထိုသို့အကျိုးကျေးဇူးအားလုံးကို စာပေမဖတ်ရှုပါကလွဲချော်သွားမည်ဖြစ်ကြောင်း၊ နိုင်ငံတော်ဖွံဖြိုးတိုးတက်ရေးအတွက် အုတ်တစ်ချပ် သဲတစ်ပွင့်အနေဖြင့် စာပေကဏ္ဍဟာလည်း တစ်စိတ်တစ်ဒေသပါဝင်သည့်အတွက်ကြောင့် နိုင်ငံ့ဝန်ထမ်းများအနေဖြင့် စာပေလေ့လာဖတ်ရှုတတ်သည့် အလေ့အထကောင်းများရရှိစေရန်၊ စာပေကိုလေ့လာဖတ်ရှုမှုကြောင့် အမှားအမှန်ကိုစဉ်းစားတွေးခေါ်မှုများရရှိစေရန်၊ အသိပညာတိုးပွားစေရန် ရည်ရွယ်ချက်များဖြင့် ပြုလုပ်ရခြင်းဖြစ်ကြောင်း ပြောကြားသည်။
ဆက်လက်၍ စာပေဆွေနွေးပွဲကိုပြုလုပ်ခဲ့ရာ ဒေါ်မူမူတင်(ဌာနခွဲစာရေး)က "ဟိရိဩတ္တပ္ပတရားကိုအခြေခံသော မြန်မာ့ယဉ်ကျေးမှု" ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ဒေါ်စောမြမာလာ(ဌာနခွဲစာရေး)က "စည်းလုံးခြင်းသည်အင်အား" ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ဒေါ်ယမုံသွယ်(အငယ်တန်းစာရေး)က "အချိန်၏တန်ဖိုး" ခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီးဆွေးနွေးခဲ့ကြသည်။
ထိုနောက် တက်ရောက်လာကြသောဝန်ထမ်းများက သိလိုသည်များကို ဝိုင်းဝန်းဆွေးနွေးကြပြီး ဆွေးနွေးမှုများအပေါ် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌက ပေါင်းစပ်ပေးခဲ့သည်။ အဆိုပါဆွေးနွေးပွဲသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ၊ အထွေထွေအုပ်ချုပ်ရေးဉီးစီးဌာနမှအရာထမ်း၊ အမှုထမ်းများနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာနမှ ခရိုင်ဦးစီးမှူးတို့ တက်ရောက်ခဲ့ကြောင်း သိရသည်။
ခရိုင်ပြန်/ဆက်