ပင်လောင်းမြို့၌ အစိုးရပါဋိ ပထမပြန်စာမေးပွဲ စာဖြေဌာန လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း) ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ်တွင် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့မှ ခွင့်ပြုချက်ရရှိပြီးသော အစိုးရပါဋိပထမပြန်စာမေးပွဲ ဖြေဆိုဌာန၏ လုပ်ငန်းများအောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက်ပိုင်းက ရင်းမှီးဘုန်းကြီးကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

ကျိုင်းတောင်းမြို့တွင် လူငယ်များ ဗလငါးတန်ပြည့်စုံစေရန် လူငယ်စကားဝိုင်းကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုးနဲမြို့နယ်၊ ကျိုင်းတောင်းမြို့ရှိ လူငယ်များဗလငါးတန်နှင့်ပြည့်စုံပြီး အသိပညာဗဟုသုတတိုးပွားစေရန် ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသည့် လူငယ်စကားဝိုင်းကို ယမန်နေ့နံနက် (၁၀)နာရီအချိန်ခန့် တွင် အခြေခံပညာအလယ်တန်းကျောင်း(ဝိန်းကောင်)၌ ကျင်းပပြုလုပ်ခဲ့သည်။

ကျိုက်လတ်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝါတွင်းကာလ အရုဏ်ဆွမ်းလောင်းလှူ

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ် မြို့နယ်တွင် မြို့ပေါ်နှင့် အနီးအနား ကျေးရွာများရှိ ဘုန်းတော်ကြီးကျောင်းများနှင့် သီလရှင်ကျောင်းများမှ ဆရာတော်၊ သံဃာတော်၊ သီလရှင်အပါး (၇၀၀) ကျော်အား အရုဏ်ဆွမ်း လောင်းလှူခြင်းကို ယနေ့ သောကြာနေ့ (ဝါတွင်းကာလ) နံနက် အရုဏ်တက်ချိန်၊ အမှတ် (၄) ရပ်ကွက်၊ ၉×၁၀ ဗိုလ်ချုပ်လမ်းရှိ သောကြာသံဃာ့ဒါန ဆွမ်းလောင်း အသင်း၌ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက လှူဒါန်းကုသိုလ်ပြုခဲ့ကြ သည်။

မိုင်းလုံမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကလေးကျန်းမာရေး အမေးအဖြေ ဆွေးနွေးပွဲဆောင်ရွက်

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းလုံမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ တွင် (Book Club) အသင်းနှင့်လူငယ်များက စာရေးဆရာ ဒေါက်တာစောဝင်း (ကလေးကျန်းမာရေး)မှ ရေးသားသော “ကလေးကျန်းမာရေး အမေးအ‌ဖြေ” စာအုပ်ဖြင့် ဆွေးနွေးပွဲကို ယ‌နေ့ နံနက် (၁၀) နာရီ အချိန်ခန့်က ဆောင်ရွက်ခဲ့သည်။

ပွင့်ဖြူမြို့နယ်၌ မိုးရွာသွန်းမှုကြောင့် ကြီးအုံကြီးဝတမံ ရေပိုလွှဲမှ ၅ ဒသမ ၃ ပေခန့် ဆက်လက်ရေကျော်ကျ

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်အတွင်း ဒေသခံတောင်သူများ စိုက်ပျိုးရေအတွက် အဓိကမှီခိုအားထားရသည့် ကြီးအုံကြီးဝတမံသည် ယခုရက်ပိုင်း မိုးရွာသွန်းမှုများကြောင့် တမံအတွင်း မိုးရေဝင်ရောက်မှုတိုးလာပြီး ယမန်နေ့ နံနက် ၆ နာရီအချိန် တိုင်းထွာရာ၌ တမံရေပြည့်မှတ်ဖြစ်သည့် (၃၄၀) ပေ အထက် တမံရေပိုလွှဲမှ ၅ ဒသမ ၃ ပေခန့် ဆက်လက် ရေကျော်ကျလျက်ရှိကြောင်း အဆိုပါ ကြီးအုံကြီးဝတမံမှ တာဝန်ခံ(AE) ဦးစိုးတင့်ထံက သိရသည်။

မိုးညှင်းခရိုင် လူထုအခြေပြုဗဟိုဌာန၌ လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲကျင်းပ

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့တွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ခရိုင်အားကစားနှင့် ကာယပညာဦးစီးဌာနတို့ ပူးပေါင်းပြီး လူငယ်လူရွယ်များ အသိပညာ ဗဟုသုတများ တိုးပွားလာစေရန်အတွက် လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကို ယနေ့ နံနက် (၁၀)နာရီ က လူထု အခြေပြုဗဟိုဌာနခန်းမ၌ ကျင်းပသည်။

ကျောင်းကုန်းမြို့တွင် ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်များ၊ အသက် (၂)နှစ်အောက် ကလေးငယ်များအား ထောက်ပံ့ပေးအပ်

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ်အတွင်းရှိ ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်များ၊ ၄င်းတို့မှ မွေးဖွား‌လာသော အသက်(၂)နှစ်အောက် ကလေးသူငယ်များအား ငွေကြေးထောက်ပံ့ခြင်း အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီအချိန်ခန့်က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှိ အေးချမ်းသာယာ ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
Subscribe to