မော်လမြိုင် ဇွန် ၁၄
မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်၊ ရိုးဂိုးကျေးရွာ တောင်သူဦးဝင်းထွန်း၏ လယ်ကွင်းအမှတ် ၈၁၃ ဦးပိုင်အမှတ် ၆၈(က) လယ်မြေ၌ ယမန်နေ့နံနက်ပိုင်းက တိုက်ရိုက်မျိုးစေ့ချကိရိယာ (Seeder) ဖြင့် မိုးစပါးမျိုးစေ့ချစိုက်ပျိုးခြင်း ကွင်းသရုပ်ပြပွဲ ကျင်းပခဲ့သည်။
တိုက်ရိုက်မျိုးစေ့ချကိရိယာ (Seeder) ဖြင့် မိုးစပါးမျိုးစေ့ချစိုက်ပျိုးခြင်း သရုပ်ပြပွဲသို့ မော်လမြိုင်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဦးကျော်မြင့်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးတင်မိုးလွင်၊ ခရိုင်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန၊ ခရိုင်/မြို့နယ် စိုက်တိုးမြှင့်အဖွဲ့ဝင်များ၊ ဒေသခံလယ်သမားများတက်ရောက်ကြပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနဦးစီးမှူး ဒေါ်ဝါဝါမြိုင်နှင့် မြို့နယ်စက်မှုလယ်ယာဦးစီးဌာန တာဝန်ရှိသူတစ်ဦးတို့က တိုက်ရိုက်မျိုးစေ့ချကိရိယာ (Seeder) ဖြင့် စိုက်ပျိုးခြင်းကြောင့် ရရှိနိုင်သည့်အကျိုးကျေးဇူးများကို ရှင်းလင်းပြောကြားပြီး မြို့နယ်စက်မှုလယ်ယာဦးစီးဌာနမှ တိုက်ရိုက်မျိုးစေ့ချကိရိယာ (Seeder) ဖြင့် ရက် (၉၀) စပါးမျိုးစိုက်ပျိုးခြင်း ကွင်းသရုပ်ပြမှုအား တာဝန်ရှိသူများက ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရှိရသည်။
ခင်စန်းမြင့် (ပြန်/ဆက်)