စိုက်ပျိုးရေးဦးစီးဌာနမှ ဟုမ္မလင်းမြို့ အိုးအိမ်ဝန်ထမ်းအိမ်ယာရှိ မိသားစုဝင်များအား သီးပင်စားပင်မျိုးစေ့များနှင့် နှစ်ရှည်ပင်များ သွားရောက်ပေးအပ်
ဟုမ္မလင်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ စက်တင်ဘာ (၂၂) ရက်နေ့ညနေ ၄ နာရီခွဲအချိန်က ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန စိုက်ခင်းနှင့် ဟုမ္မလင်းမြို့ အိုးအိမ်ဝန်ထမ်းအိမ်ယာရှိ မိသားစုဝင်များအား စားဖိုဆောင် သီးနှံများစိုက်ပျိုးနိုင်ရန်အတွက် သီးပင်စားပင်မျိုးစေ့များနှင့် နှစ်ရှည်ပင်များ သွားရောက်ပေးအပ်ခဲ့ကြကြောင်း သိရသည်။