မြဝတီမြို့ အမှတ် (၃) ရပ်ကွက်၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးနှိုးဆော်ခြင်းနှင့် လက်ကမ်းစာစောင်များဖြန့်ဝေ

ကရင်ပြည်နယ်၊ မြဝတီခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ခရိုင်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ခရိုင်မီးသတ်ဦးစီးဌာန၊ ခရိုင်ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာန၊ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့နှင့် မွန်မြတ်ဖြူစင် လူမှုကူညီရေးအသင်းတို့ပူးပေါင်း၍ ယနေ့နံနက် ၁၁ နာရီက အမှတ် (၃) ရပ်ကွက်၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးနှိုးဆော်ခြင်းနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေပေးသည်။

မုံရွာမြို့တွင် ကမ္ဘာ့ကလေးအလုပ်သမားဆန့်ကျင်တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အသိပညာပေး ဆွေးနွေးပွဲကျင်းပ

၂၀၂၄ ခုနှစ်၊ ဇွန်လ (၁၂) ရက်နေ့တွင် ကျရောက်သည့် ကမ္ဘာ့ကလေးအလုပ်သမားဆန့်ကျင်တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အသိပညာပေးဆွေးနွေးပွဲကို ဇွန်လ(၁၂)ရက်နေ့ နံနက် ၉နာရီခွဲက မုံရွာမြို့၊ အိုးဘိုတောင်ရပ်ကွက်ရှိ JLPC / NPT သစ်ပါးလွှာစက်ရုံတွင်လည်းကောင်း၊ နံနက် ၁၁ နာရီတွင် မုံရွာမြို့၊ ရုံးကြီးရပ်ကွက်ရှိ AQUA PUPA Company Limited ရေသန့်စင်ရေးနှင့် ရေပေးဝေရေးလုပ်ငန်းတို့တွင် အသိပညာပေးဆွေးနွေးပွဲများ ကျင်းပဆောင်ရွက်ခဲ့ကြောင်း သိရသည်။

စဉ့်ကူးမြို့နယ်၌ ကိုဗစ်-၁၉ရောဂါ ထပ်ဆောင်းကာကွယ်ဆေး (Booster Dose) ထိုးနှံပေး

မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းခရိုင်၊ စဥ့်ကူးမြို့နယ်၌ မြို့နယ်အဆင့် ဌာနဆိုင်ရာဝန်ထမ်းများနှင့် အသက်(၁၈)နှစ်နှင့်အထက် ဝန်ထမ်းမိသားစုဝင်များအား ကိုဗစ်-၁၉ရောဂါ ထပ်ဆောင်းကာကွယ်ဆေး (Booster Dose) ထိုးနှံပေးခြင်းလုပ်ငန်းကို မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ယမန်နေ့နံနက် (၁၀) နာရီမှစ၍ စာရင်းပေးသွင်းထားသည့် ဌာနဆိုင်ရာအသီးသီးသို့ အရောက်သွား၍ ကိုဗစ်-၁၉ရောဂါ ထပ်ဆောင်းကာကွယ်ဆေး (Booster Dose) ထိုးနှံပေးလျက်ရှိသည်။

အခြေခံပညာမူလတန်းကျောင်း(နမ့်ဟူး)သို့ လူကုန်ကူးမှုဆိုင်ရာအသိပညာပေးဟောပြောပွဲ ဆောင်ရွက်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုးနဲမြို့နယ်၊ ကျိုင်းတောင်းမြို့ အခြေခံပညာမူလတန်းကျောင်း(နမ့်ဟူး)သို့သွားရောက်၍ ကျောင်းသား၊ ကျောင်းသူများအား ကျောင်းစာများအပြင် ပြင်ပအသိပညာဗဟုသုတများ ရရှိစေရန်ရည်ရွယ်၍ ယမန်နေ့ နေ့လယ်(၂)နာရီအချိန်ခန့်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ ဝန်ထမ်းများက လူကုန်ကူးမှုဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ကွင်းဆင်း၍ ဟောပြောဆွေးနွေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

တပ်ကုန်းမြို့နယ်၌ စားသုံးဆီဖူလုံရေး မိုးနေကြာ ၉၂၇ ဧက လျာထားစိုက်ပျိုး

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်အတွင်းရှိ စိုက်ပျိုးရေးတောင်သူများအနေဖြင့် မိသားစုစားဝတ်နေရေးအဆင်ပြေစေရန် ၂၀၂၄-၂၀၂၅ ခုနှစ် မိုးသီးနှံများဖြစ်သည့် ဖူးစားပြောင်း၊ ပဲတီစိမ်း၊ နှမ်း၊ မြေပဲနှင့် မီးဖိုချောင်သုံး ဟင်းသီးဟင်းရွက် သီးနှံစုံစိုက်ပျိုးလျက်ရှိရာ စားသုံးဆီဖူလုံရေးနေကြာများကိုလည်း စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။

သမဝါယမစာရင်းရေးစာရင်းကိုင် သက်မွေးပညာသင်တန်းကျောင်း(ပုသိမ်)မှ တာဝန်ရှိသူများက သင်တန်းသားများ သင်တန်းတက်ရောက်နိုင်ရေး ကွင်းဆင်းဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ သမဝါယမစာရင်းရေးစာရင်းကိုင် သက်မွေးပညာသင်တန်းကျောင်း(ပုသိမ်)မှ ကျောင်းအုပ်ကြီးနှင့်တာဝန်ရှိသူများက အိမ်မဲမြို့နယ် သမဝါယမဦးစီးဌာနရုံး၌ ယမန်နေ့နံနက် ၁၀ နာရီ ၃၀ မိနစ်အချိန်တွင် စာရင်းရေးစာရင်းကိုင်သက်မွေးပညာသင်တန်းကို မြို့နယ်အတွင်းရှိ သမဝါယမအခြေခံအသင်းသားများနှင့် Grade- 9 အောင်မြင်ပြီးသူ ကျောင်းသား/သူများ တက်ရောက်နိုင်ရေးအတွက် ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

ဇေယျာသီရိမြို့နယ်၌ စားသုံးဆီဈေးနှုန်းတည်ငြိမ်မှုရှိစေရေး စားသုံးဆီရောင်းချသည့်ဈေးဆိုင်များအား ကွင်းဆင်းစစ်ဆေး

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ်အတွင်း စားသုံးဆီဈေးနှုန်းတည်ငြိမ်မှုရှိစေရေးနှင့် ရည်ညွှန်းဈေးနှုန်းအတိုင်း ရောင်းချမှုရှိ/မရှိ စားသုံးဆီရောင်းချသည့် ဈေးဆိုင်များအား ကွင်းဆင်းစစ်ဆေးခြင်းကို ယမန်နေ့နံနက်ပိုင်းက တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့သည်။

ရပ်စောက်၌ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်(အကြို) ပြိုင်ပွဲများ ကျင်းပ

ရှမ်းပြည်နယ်တောင်ပိုင်း၊ ရပ်စောက်မြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ကြီးကြပ်မှုဖြင့် မြို့နယ်ရဲတပ်ဖွဲ့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပညာရေးဦးစီးဌာနတို့ပူးပေါင်း၍ ၂၀၂၄ ခုနှစ် (၃၇)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်(အကြို) ပြိုင်ပွဲများကို ယမန်နေ့နံနက်ပိုင်းက အ.ထ.က(၁)ရပ်စောက်ကျောင်းနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးတို့၌ ကျင်းပခဲ့ကြောင်း သိရသည်။
Subscribe to