ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် အခြေခံပညာ ဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော လူငယ်စကားဝိုင်းကျင်းပ

မကွေးတိုင်းဒေသကြီး သရက်မြို့၌ လူငယ်များ ဗလငါးတန်နှင့် ပြည့်စုံပြီး အသိပညာဗဟုသုတ တိုးပွားစေရန်၊ နှုတ်မှုစွမ်းရည် တိုးတက်စေရန် လူငယ်များ အချင်းချင်း  ပူးပေါင်းဆောင်ရွက်တတ်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်၊စာကြည့်တိုက်နှင့် ရင်းနှီးကျွမ်းဝင်မှုရှိစေရန်၊ စဉ်းစားတွေးခေါ်မှု စွမ်းရည်များ ရင့်သန်လာစေရန်နှင့် ကိုယ့်ကျင့်တရား ကောင်းမွန်သည့် လူတော်လူကောင်းများ ပေါ်ထွန်းလာစေရန်  ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် အခြေခံပညာ ဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော လူငယ်စကားဝိုင်းကို ယမန်နေ့ မွန်းလွဲ(၁)နာရီက United Mahar ကိုယ်ပိုင် အထက်တန်းကျောင်းတွင် ဆောင်ရွက်ရာ ခရိုင်ပညာရေးမှူး ဦးကျော်ဦး တက်ရောက် အဖွင့်အမှာ စကားပြောကြားပေးခဲ့သည်။

စလင်းမြို့နယ် ရွာသစ်ကြီးကျေးရွာ အခြေခံပညာမူလတန်းကျောင်းဆောင်သစ် (RCC) (၁) ထပ်ကျောင်း လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားကျင်းပ

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ် ရွာသစ်ကြီးကျေးရွာ အခြေခံပညာဦးစီးဌာနမှ မူလတန်းကျောင်းဆောင်သစ် လွှဲပြောင်းပေးအပ်ခြင်း အခမ်းအနားကို ယမန်နေ့ နံနက် (၉) နာရီအချိန်က အခြေခံပညာမူလတန်းကျောင်း (RCC) (၁)ထပ် ကျောင်းဆောင်သစ် လွှဲပြောင်းပေးအပ်ခြင်းအခမ်းအနားကို ကျင်းပပြုလုပ်ခဲ့သည်။ ရွာသစ်ကြီးကျေးရွာ အခြေခံပညာမူလတန်းကျောင်း ကျောင်းဆောင်သစ်လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားဖွင့်ပွဲသို့ မြို့နယ်ပညာရေးမှူးကိုယ်စား ဦးစီးအရာရှိ ဦးကြည်လှိုင်ထွန်းနှင့် တာဝန်ရှိသူများ ကျောင်းအကျိုးတော်ဆောင်များနှင့် ကျောင်းအုပ်ဆရာကြီးဦးအောင်ကျော်မိုးနှင့် ဆရာ၊ ဆရာမ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ကျောင်းသားမိဘများစုံညီစွာ တက်ရောက်ခဲ့ကြသည်။

တံတားမြို့တွင် ကျောင်းသား၊ ကျောင်းသူများ အသိပညာပြန့်ပွားရေးအတွက် စာဖတ်ရှိန်မြှင့်တင်ရေးနယ်လှည့်စာကြည့်တိုက် ကွင်းဆင်းဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ တံတားမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပညာရေးဌာနတို့ပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူများ အသိပညာပြန့်ပွားရေးနှင့် စာဖတ်သည့်အလေ့အကျင့်ကောင်းများ ရရှိစေရန်ရည်ရွယ်၍ ယမန်နေ့နံနက် (၁၀) နာရီအချိန်က တံတားမြို့၊ အ.ထ.က ကျောင်းသို့ သွားရောက်၍ နယ်လှည့်စာကြည့်တိုက် နံရံကပ်စာစောင်နှင့် အသိပညာပေးဟောပြောပွဲကို ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

ပေါက်တောမြို့တွင် ဌာနဆိုင်ရာများလုပ်ငန်းညှိနှိုင်းအစည်းအဝေး ပြုလုပ်

ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ပေါက်တောမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်သည်။

မြို့သစ်မြို့နယ် ဆဒ္ဒန်ဆည်ရေလှောင်တမံ ရေပိုလွှဲမှ (သုည ဒသမ သုံးပေခန့်) ဆက်လက်ရေကျော်ကျ

မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်တွင် စက်တင်ဘာလဆန်းပိုင်းမှစတင်၍ ဆည်၏အထက်ပိုင်း၌ မိုးများအဆက်မပြတ် ရွာသွန်းမှုကြောင့် ယနေ့နံနက်ပိုင်းတွင် ဆဒ္ဒန်ဆည်ရေလှောင်တမံ ရေပိုလွှဲမှ (သုည ဒသမ သုံးပေခန့်) ဆက်လက်ရေကျော် ကျလျက်ရှိကြောင်း မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ သိရသည်။

ကျောက်တန်းမြို့နယ်၊ ကန်ပြောင်ကျေးရွာတွင် ကျေးလက်စီးပွားရေးမြင့်မားစေရေးရန်ပုံငွေ (CBR) ချေးငွေများထုတ်ချေးပေး

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးတိရေးဝန်ကြီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ကျောက်တန်းမြို့နယ်၊ ကျေးလက်ဒေသ ဖွံ့​ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်မှ စတင်အကောင်အထည်ဖော်ဆောင်ရွက်နေသည့် ခေတ်မီစံပြကျေးရွာ ထူထောင်ရေးစီမံကိန်း (Smart Village) ၏ လုပ်ငန်းစဥ် (၆) ရပ်မှ လုပ်ငန်းစဥ် (၃) ဖြစ်သည့် အသက်မွေးဝမ်းကျောင်းနှင့် ကျေးရွာစီးပွားရေးမြင့်မားစေခြင်းကဏ္ဍတွင် ပါဝင်သည့် ကျေးလက်စီးပွားမြင့်မားရေး ရန်ပုံငွေထူထောင်ခြင်း (Rural Business Fund) ကို ကန်ပြောင်ကျေးရွာအုပ်စု၊ ကန်ပြောင်ကျေးရွာတွင် အသက်မွေးဝမ်းကျောင်းအဖွဲ့ (၄) ဖွဲ့ ဖွဲ့စည်း၍တစ်ဖွဲ့လျှင် (၅) ဦးနှုန်းဖြင့် CP အသားတိုးဝက်မွေးမြူခြင်း လုပ်ငန်းဆောင်ရွက်နေသူ စုစုပေါင်း ၂၀ ဦးသို့ တတိယအကြိမ်ချေးငွေကျပ် (၃၀၀၀၀၀၀၀/-) (ကျပ်သိန်းသုံးရာတိတိ) ကို စက်တင်ဘာ ၂၀ ရက်နေ့တွင် ကျေးလက်စီးပွားမြင့်မားရေးရန်ပုံငွေထူထောင်ခြင်း လုပ်ငန်းအကောင်အထည်ဖော် လက်စွဲစာစောင်ပါညွှန်ကြားချက်များနှင့်အညီ ကျောက်တန်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးထွန်းဝင်းလတ်နှင့် ဝန်ထမ်းများမှကြီးကြပ်၍ သွားရောက်ထုတ်ချေးပေးခဲ့ပါသည်။

ဟိုပန်မြို့ စံပြကျေးရွာတွင်နေထိုင်သော ကိုယ်ဝန်ဆောင်မိခင်များနှင့် မွေးကင်းစကလေးငယ်များအား ထောက်ပံ့ငွေပေးအပ်

"ဝ"ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းဥက္ကဌ ဒေါ်နွေမိုးအေး၊ ခရိုင်၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်းဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်များသည် ယမန်နေ့ နံနက် ၉ နာရီခွဲအချိန်က ဟိုပန်မြို့၊ စံပြကျေးရွာတွင်နေထိုင်သော ကိုယ်ဝန်ဆောင်မိခင်များနှင့် မွေးကင်းစကလေးငယ်များအား အဟာရရှိသော အစားအစာနှင့် ငွေကြေးများ လိုက်လံထောက်ပံ့ပေးအပ်ခဲ့ပါသည်။

ဇမ္ဗူသီရိမြိုနယ်၌ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ Quick Win အစီအမံငါးရပ်အား ပြည်သူများ လိုက်နာစေရန်အတွက် ရှောင်တခင်စစ်ဆေးခြင်းများ ဆောင်ရွက်

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်တွင် ယာဉ်စည်းကမ်း၊  လမ်းစည်းကမ်းဆိုင်ရာ Quick Win အစီအမံငါးရပ်အား ပြည်သူများ ကျယ်ပြန့်စွာ လိုက်နာစေရန်အတွက် ရှောင်တခင်စစ်ဆေးခြင်းများကို ယမန်နေ့ မွန်းလွဲပိုင်းက ဇမ္ဗူသီရိမြို့နယ်အတွင်း ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းစေရေး မော်တော်ယာဉ်စီမံခန့်ခွဲမှု ဥပဒေပါတားမြစ်ချက်များနှင့် Quick win အစီအမံ (၅)ရပ်ကို လိုက်နာမှုရှိစေရေးတို့အတွက် ၂၀၂၃ ခုနှစ် စက်တင်ဘာလ‌ ၂၁ ရက်နေ့တွင် ဇမ္ဗူသီရိမြို့နယ် ယာဉ်စစ်ဆေးရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် ယာဉ်စစ်ဆေးရေးအဖွဲ့ငယ်မှ အဖွဲ့ဝင်များဖြစ်သော ဇဗ္ဗူသီရိမြို့နယ် အထွေထွေအုပ်ချုပ်‌ရေးဦးစီးဌာနမှ ဒုဦးစီးမှူး ဦးသိန်းကိုကိုအပါအဝင် (၅)ဦး၊ နယ်မြေရဲစခန်း ၃ မှ ဒုရဲအုပ် ဝေယံလင်း ဦးစီး(၁+၁)၊ မြို့နယ်ပညာရေးမှူးရုံးမှ ဦးစီးအရာရှိ ဦးတင့်ထူးအောင်၊ ဇမ္ဗူသီရိမြို့နယ်ယာဉ်ထိန်းတပ်ဖွဲ့စု(၁)မှ
Subscribe to