ရေဖြူမြို့နယ်၌ အသက်မွေးဝမ်းကြောင်း အထောက်အကူပြု လူသုံးကုန်ထုတ်လုပ်မှုနည်းပညာသင်တန်းဖွင့်
တနင်္သာရီတိုင်းဒေသကြီး အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနနှင့် ရေဖြူမြို့နယ် သမဝါယမဦးစီးဌာနတို့ ပူးပေါင်း၍ အသက်မွေးဝမ်းကြောင်း အထောက်အကူပြု လူသုံးကုန်ထုတ်လုပ်မှု နည်းပညာသင်တန်းအမှတ်စဥ် (၆/၂၀၂၃)အား ရေဖြူမြို့နယ် သမဝါယမအသင်းရုံး၌ ယနေ့နံနက် ၉ နာရီခွဲက သင်တန်းဖွင့်ပွဲ ကျင်းပခဲ့ကြောင်း သိရသည်။