ကျွန်းလှမြို့နယ်၌ ၂၀၂၄ ခုနှစ် မိုးရာသီစိုက်ပျိုးရန် ပျိုးပင်မျိုးစုံ အခမဲ့ဖြန့်ဝေပေးလျက်ရှိ
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြည်ရန်၊ ရာသီဥတုကောင်းမွန်မျှတစေရန်၊ သစ်တောသစ်ပင်၏ တန်ဖိုးပိုမိုနားလည်စေရန်၊ ပြည်သူလူထုကိုယ်တိုင် ပါဝင်ပူးပေါင်းဆောင်ရွက်တတ်စေရန်ရည်ရွယ်၍ ၂၀၂၄ ခုနှစ်၊ မိုးရာသီစိုက်ပျိူရန် ပျိုးပင်မျိုးစုံ အခမဲ့ဖြန့်ဝေပေးလျက်ရှိကြောင်း မြို့နယ်သစ်တောဦးစီးဌာနမှ သိရသည်။