ဂွမြို့နယ်တွင် စာဖတ်ရှိန် မြှင့်တင်ရေး မိုဘိုင်းစာကြည့်တိုက်စနစ်ဖြင့် စာအုပ်စာစောင်များ ငှားရမ်းပေး

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်ရေးနှင့် စာပေများကိုတန်ဖိုးထား ချစ်မြတ်နိုးတတ်စေရန်၊ စာပေဖတ်ရှုခြင်းဖြင့် ရရှိလာမည့် အကျိုးကျေးဇူးများကို သိရှိနားလည်စေရန် ရည်ရွယ်ပြီး မိုဘိုင်းစာကြည့်တိုက်စနစ်ဖြင့် စာအုပ်စာစောင်များ အခမဲ့ ငှားရမ်းပေးခြင်းကို ယနေ့၊ နေ့လယ်(၁၂)နာရီက ဌာနဆိုင်ရာရုံးများသို့ ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။

လားရှိုးသူနာပြုနှင့်သားဖွားသင်တန်းကျောင်းတွင် ဂျူတီကုတ်နှင့် ဦးဆောင်းအပ်နှင်းပွဲအခမ်းအနား ကျင်းပ

ကျန်းမာရေးဝန်ကြီးဌာန၊ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန၊ လားရှိုးသူနာပြုနှင့်သားဖွား သင်တန်းကျောင်းတွင် ဂျူတီကုတ်နှင့် ဦးဆောင်းအပ်နှင်းပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီအချိန်က လားရှိူးမြို့ သူနာပြုနှင့်သားဖွားသင်တန်းကျောင်းခန်းမတွင် ကျင်းပပြုလုပ်ကြောင်း သိရသည်။

ပုဏ္ဏားကျွန်းမြို့၌ ကျန်းမာရေးဝန်ကြီးဌာနမှ အထူးကုဆရာဝန်ကြီးများက အခမဲ့ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေး

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့၌ ဒေသခံပြည်သူများအား ကျန်းမာရေးဝန်ကြီးဌာန၊ နယ်လှည့်အထူးကုအဖွဲ့ (ရန်ကုန်)မှ ဒေါက်တာ ကျော်ဇင်ဦး (အထွေထွေကုသမားတော်ကြီး) ဦးဆောင်၍ ထွေထွေရောဂါအထူးကု ဆရာဝန်ကြီးများပါဝင်သည့် ဆေးကုသရေးအဖွဲ့သည် ယနေ့၊ နံနက် (၁၀) နာရီမှ ညနေ (၃) နာရီ အထိ၊ ပုဏ္ဏားကျွန်းမြို့၊ အလယ်စုရပ်ကွက်ရှိ  မြို့မပရိယတ္တိဘုန်းတော်ကြီးကျောင်းတိုက်တွင် ကျန်းမာရေးစောင့်ရှောက်ပေးလျက်ရှိသည်။

ကျွန်းစုမြို့တွင် ကျောင်းအခြေပြု သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေး(HPV) ထိုးနှံပေး လျက်ရှိ

တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာရဲမင်းဦး၏ လမ်းညွှန်ကြီးကြပ်မှုဖြင့် အသက် (၉) နှစ် ပြည့်ပြီး အသက် (၁၂) နှစ် မကျော်သေးသည့် ကျောင်းသူများအား သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေး (HPV) ကို စက်တင်ဘာလ (၁၈) ရက်နေ့မှ စတင်၍ စက်တင်ဘာလ (၂၉) ရက်နေ့အထိ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၌ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

လိပ်သိုမြို့၌ စာဖတ်ရှိန်မြှင့်တင်ရေး ဌာနဆိုင်ရာရုံးများအရောက် Mobile စနစ်ဖြင့် စာအုပ်များ ငှားရမ်းပေး

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ပြည်သူများ စာပေလေ့လာဖတ်ရှုသည့် အလေ့အကျင့်ကောင်းများ ရရှိရေး၊ စာပေမှရရှိသည့် ဗဟုသုတများ တိုးပွားစေရေး၊ အလုပ်တာဝန်များကြောင့်  စာကြည့်တိုက်သို့ စာအုပ်စာစောင်များ လာရောက်မငှားရမ်းနိုင်သော ဝန်ထမ်းများအား ဌာနဆိုင်ရာ ရုံးများအရောက် Mobile စနစ်ဖြင့် စာအုပ်စာစောင်များ ငှားရမ်းပေးခြင်းကို ယနေ့နံနက် ၁၀ နာရီက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးသို့ သွားရောက်ငှားရမ်းပေးခဲ့ကြောင်း သိရသည်။

ဟင်္သာတခရိုင်နှင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများ စုပေါင်းဆွမ်းလောင်းလှူ

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်တွင် ဝါဆိုသံဃာတော်များဆွမ်းကိစ္စ အဆင်​ပြေစေရန် ရည်ရွယ်၍ ယနေ့ နံနက် ၈ နာရီခွဲအချိန်က ခရိုင်အထွေ​ထွေအုပ်ချုပ်ရေးမှူး ဦးမြင့်သန်းဝင်းနှင့် ဇနီးတို့ ဦးဆောင်၍ ခရိုင်ထွေအုပ်ရုံးဝန်းတွင် ဟင်္သာတခရိုင်နှင့် မြို့နယ်ဝန်ထမ်းများ စုပေါင်း၍ ဆွမ်းနှင့် ဆွမ်းဟင်းများ လောင်းလှူပွဲကို ပြုလုပ်ခဲ့သည်။

မန်တုံမြို့နယ်တွင် ပြည်နယ်ဝန်ကြီးချုပ် ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ အောင်ချမ်းသာ မန်တောက်ကျောင်း၌ ဆန်အိတ်(၂၀၀)ဆက်ကပ်လှူဒါန်းပွဲ ကျင်းပ

ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ မန်တုံမြို့နယ်တွင် ပြည်နယ်ဝန်ကြီးချုပ် ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ အောင်ချမ်းသာမန်တောက်(ဘက)ကျောင်းသို့ ဆန်အိတ်(၂၀၀) ဆက်ကပ် လှူဒါန်းပွဲကို ယမန်နေ့နံနက်(၉:၃၀)နာရီအချိန်က အောင်ချမ်းသာမန်တောက်ကျောင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။

ကျောက်ပန်းတောင်းမြို့နယ် မိုးရွာသွန်းမှုကောင်းခြင်းနှင့်အတူ ပဲစင်းငုံစိုက်ခင်းများ အောင်မြင် ဖြစ်ထွန်း

မန္တလေးတိုင်းဒေသကြီး ကျောက်ပန်းတောင်းမြို့နယ် ကျေးလက်တောင်သူများ ကြဲပက်စိုက်ပျိုးထားသည့် ပဲစင်းငုံစိုက်ခင်းများ မိုးရွာသွန်းမှုကောင်းခြင်းနှင့်အတူ ပဲစင်း ငုံစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းနေကာ ပဲစင်းငုံ စိုက်ခင်းများ အပင်များသန်မာထွား ကျိုင်းနေကာ ပဲစင်းငုံစိုက်ခင်းများ ဖြစ်ထွန်းအောင်မြင်နေကြောင်း သိရသည်။
Subscribe to