ကျွန်းလှ ဇွန် ၁၄
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြည်ရန်၊ ရာသီဥတုကောင်းမွန်မျှတစေရန်၊ သစ်တောသစ်ပင်၏ တန်ဖိုးပိုမိုနားလည်စေရန်၊ ပြည်သူလူထုကိုယ်တိုင် ပါဝင်ပူးပေါင်းဆောင်ရွက်တတ်စေရန်ရည်ရွယ်၍ ၂၀၂၄ ခုနှစ်၊ မိုးရာသီစိုက်ပျိူရန် ပျိုးပင်မျိုးစုံ အခမဲ့ဖြန့်ဝေပေးလျက်ရှိကြောင်း မြို့နယ်သစ်တောဦးစီးဌာနမှ သိရသည်။
ကျွန်းလှမြို့၊ မြို့မပျိုးဥယျာဉ်တွင် ၂၀၂၄ ခုနှစ်၊ မိုးရာသီစိုက်ပျိုးရန်အတွက် ကျွန်း(၂၀၀၀)၊ တမာ(၅၀၀၀)၊ ပျဉ်းကတိုး(၃၀၀၀)၊ ခရေ(၄၀၀၀)၊ စွယ်တော်(၃၀၀၀)၊ ယူကလစ်(၃၀၀၀)၊ စုစုပေါင်း ပျိုးပင်မျိုးစုံ(၂၀၀၀၀) ပျိုးထောင်ထားကြောင်း သိရသည်။
အဆိုပါ ပျိုးပင်များကို ပြည်သူလူထု၊ ဌာနဆိုင်ရာများ၊ တပ်ရင်းတပ်ဖွဲ့များနှင့် လမ်းဘေးဝဲယာစိုက်ပျိုးရန် အခမဲ့ဖြန့်ဝေပေးလျက်ရှိပြီး အထူးပျိုးပင်အဖြစ် ပျိုးပင်မျိုးစုံ (၄၀၀၀)ပျိုးထောင်ထားကြောင်း သိရသည်။
မျိုးဝင်းညို ကျွန်းလှ