မြို့သစ် ဇွန် ၁၄
သမဝါယမနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ ဦးမြင့်စိုးသည် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး၊ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ မကွေးခရိုင်၊ မြို့သစ်မြို့နယ်၊ မြေပြင်သာကျေးရွာ၊ စိတ္တသုခကျောင်းတိုက်၊ ဓမ္မာရုံသို့ ယမန်နေ့နံနက် ၁၁ နာရီကရောက်ရှိကာ ဝါနှင့် ဆီထွက်သီးနှံစိုက်ပျိုးသည့် တောင်သူများနှင့်တွေ့ဆုံခဲ့သည်။
တွေ့ဆုံပွဲတွင် သမဝါယမနှင့်ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးကဝါနှင့် ဆီထွက်သီးနှံများ စိုကိပျိုးခြင်းနှင့်ပတ်သက်၍ လည်းကောင်း၊ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီးက စစ်မှုထမ်းခြင်းနှင့် စစ်မှုထမ်းဥပဒေအကြောင်းအရာများကို ရှင်းလင်းဆွေးနွေးပြောကြားခဲ့သည်။
ထို့နောက် တက်ရောက်လာသူများက သိရှိလိုသည်များ ပြန်လည်မေးမြန်းရာ သမဝါယမနှင့်ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးနှင့်မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး၊ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများက သိရှိလိုသည့် ကဏ္ဍများအလိုက် ပြန်လည်ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။
သန်းဝင်းထွန်း (ပြန်/ဆက်)