ကျိုင်းတုံ ဇွန် ၁၄
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်ဘဏ်ခွဲ၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်နှင့် ကျိုင်းတုံခရိုင် မြန်မာ့အာမခံလုပ်ငန်းတို့ ပူးပေါင်း၍ စိုက်ပျိုးရေးတောင်သူများအား မိုးစပါးသီးနှံအာမခံ ဆောင်ရွက်နိုင်ရေး ရှင်းလင်းဆွေးနွေးပွဲကို ဇွန် ၁၃ ရက်က မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၊ ကျိုင်းတုံခရိုင်ဘဏ်ခွဲရုံးတွင် ကျင်းပခဲ့သည်။
ဆွေးနွေးပွဲတွင် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၊ ကျိုင်းတုံခရိုင်ဘဏ်ခွဲမှ ၂၀၂၄ ခုနှစ် မိုးစပါး စိုက်ပျိုးစရိတ်ထုတ်ပေးသည့် တောင်သူများအား ကျိုင်းတုံခရိုင်မြန်မာ့အာမခံလုပ်ငန်းမှ ခရိုင်တာဝန်ခံ ဒေါ်ခိုင်ယဉ်မွန်က သီးနှံအာမခံလုပ်ငန်းဆိုင်ရာများအား ကဏ္ဍအလိုက် ရှင်းလင်း ဆွေးနွေးပြောကြားပြီး တောင်သူများ ရာသီဥတုအညွှန်းကိန်းသီးနှံအာမခံလုပ်ငန်းများ လက်ခံဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
အောင်ဇင်မြင့်(ပြန်/ဆက်)