မြို့သစ် ဇွန် ၁၄
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ်တွင် ပြည်သူများ လေပြင်းဘေးနှင့် မိုးကြိုးဘေးအန္တရာယ်များဖြစ်ပွားလာပါက ကြိုတင်ကာကွယ်နိုင်ရန်နှင့် ဆောင်ရန်ရှောင်ရန်အချက်များကို သိရှိသဘောပေါက်လိုက်နာ ဆောင်ရွက်နိုင်စေရန်အတွက် မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ယမန်နေ့ နေ့လယ်ပိုင်းက မြို့လုလင်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)သို့ သွားရောက်၍ အသိ ပညာပေးဟောပြောပွဲဆောင်ရွက်ခဲ့သည်။
ထိုသို့ အသိပညာပေးဆောင်ရွက်ရာတွင် မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများကလေပြင်းဘေးအန္တရာယ်၊ မိုးကြိုးဘေးအန္တရာယ်နှင့်ပတ်သက်သည့်ပြည်သူများလိုက်နာဆောင်ရွက်ရန်အချက်များ၊ ရှောင်ကြဥ်ရမည့်အချက်များကို အသိပေး ပြောကြားခဲ့ပြီး ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များကို အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
Than Win Tun (iprd)