ကမာရွတ်မြို့နယ်၌ မူးယစ်ဆေးဝါးဆိုးကျိုး အန္တရာယ်အ​ကြောင်း အသိပညာပေး ဟောပြောပွဲကျင်းပ

ရန်ကုန် ဇွန် ၁၄

၂၀၂၄ ခုနှစ်၊ ဇွန်လ (၂၆) ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် မူးယစ်ဆေးဝါးဆိုးကျိုးအန္တရာယ် အသိပညာပေးဟောပြောပွဲ အခမ်းအနားကို ယမန်နေ့ နံနက် (၉) နာရီ ကမာရွတ်မြို့နယ် အမှတ် (၃) အခြေခံပညာအထက်တန်းကျောင်းတွင် မြန်မာနိုင်ငံ မူးယစ်ဆေးဝါးဆန့်ကျင်ရေးအသင်း ရန်ကုန်တိုင်းဒေသကြီးမှကြီးမှုး ကျင်းပပြုလုပ်ရာ မြန်မာနိုင်ငံ မူးယစ်ဆေးဝါးဆန့်ကျင်ရေးအသင်းဗဟိုဥက္ကဋ္ဌ ဝဏ္ဏကျော်ထင် ဗိုလ်မူးကြီး စိုးဝင်း ရဲချုပ်(ငြိမ်း)၊ စိတ်ကျန်းမာရေး အထူးကုဆရာဝန်ကြီး (ငြိမ်း) မြန်မာနိုင်ငံမူးယစ်ဆေးဝါး ဆန့်ကျင်ရေးအသင်း ဗဟိုအလုပ်မှုဆောင် ဒေါက်တာ အောင်သော်၊ ကမာရွတ်မြို့နယ် စီမံအုပ်ချုပ်‌ရေးဥက္ကဋ္ဌ ဦး​ကောင်းမြင့်သူ၊ မြို့နယ်ရဲတပ်ဖွဲမှူး ဒုတိယရဲမှူးကြီးမြင့်နိုင်၊ ရန်ကုန်အ​နောက်ပိုင်းမှူးယစ်တပ်ဖွဲ့ (၄၂) မှ ရဲအုပ်ဖန်​အောင်မြို့နယ် မိခင်နှင့်က​လေး​စောင့်​ရှောက်​ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ အမျိုးသမီး​ရေးရာအဖွဲ့ဝင်များ၊ မြန်မာနိုင်ငံမူးယစ်တားဆီးနှိမ်နှင်းရေး တပ်ဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှုးနှင့်ဆရာကြီး ဆရာ/ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ၊ လူမူရေးအဖွဲ့အစည်များမှ ကိုယ်စားလှယ်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

အခမ်းအနားတွင် ကမာရွတ်မြို့နယ် အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ အန္တရာယ်တားဆီးကာကွယ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦး​ကောင်းမြင့်သူက အဖွင့်အမှာစကားပြောကြားခြင်း၊ မြန်မာနိုင်ငံ မူးယစ်ဆေးဝါး ဆန့်ကျင်ရေးအသင်း ဗဟိုဥက္ကဋ္ဌ ဝဏ္ဏကျော်ထင် ဗိုလ်မှူးကြီးစိုးဝင်း(ရဲချုပ်ငြိမ်း)က အသိညာပေးစကားပြောကြားရာမှာ တက်ရောက်လာကြတဲ ကျောင်းသား၊ ကျောင်းသူများက မသုံးစွဲကြစေလိုကြောင်း သုံးစွဲမိခဲ့ကြသော်လည်း အချိန်မီဖြတ်ကာ မိမိတို့အသိစိတ်နဲ့ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးများတွင် ပူးပေါင်းပါဝင်ဆောင်ရွက်ကြစေလိုကြောင်း တစ်နိုင်ငံလုံးရှိ တိုင်းရင်းသားညီကိုမောင်နှမများက မူးယစ်ဆေးဝါးဝိသမလောဘသားများကို တိုက်ဖျက်ခဲ့ကြသည်မှာ ယနေ့ထိတိုင်ဖြစ်ပေသည် သို့သော်အကြောင်းအမျိုးမျိုးကြောင်း အဆုံးထိတိုင် မဖျက်ဆီးနိုင်ခဲ့သော်လည်း ပြည်သူအားလုံးဝန်းကူညီဆောင်ရွက်ကြလျင် အောင်မြင်လာမည်ဖြစ်ကြောင်း ပြောကြားသည်။ စိတ်ကျန်းမာရေးဆရာဝန်ကြီး (ငြိမ်း) မြန်မာနိုင်ငံ မူးယစ်ဆေးဝါးဆန့်ကျင်ရေးအသင်းဗဟို အလုပ်မှုဆောင် ဒေါက်တာ အောင်သော်က မူးယစ်ဆေးဝါးအမျိုးမျိုး၏ ဆိုးကျိုးအကြောင်းအရာများကို အတိုချုပ်ပြောကြားခြင်း အ​နောက်ပိုင်းမူးယစ်တပ်ဖွဲ့စု (၄၂) မှ ရဲအုပ် ဖန်​အောင်က မူးယစ်ဆေးဝါးသုံးစွဲသူများ၏ ပြစ်မူဆိုင်ရာဥပဒေများကို ရှင်းလင်းပြောကြားခြင်း ကမာရွတ်မြို့နယ် အမှတ် (၃) အထက်တန်း​ကျောင်း ​ကျောင်းအုပ်ဆရာမကြီး ​ဒေါ်ဝင်းမြင့်က ကျေးဇူးတင်စကား ပြောကြားကြသည်။

ထို့နောက် ကမာရွတ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြိုနယ်ရုံးမှ မူးယစ်ဆေးဝါးဆိုင်ရာ နံရံကပ်စာစောင်နှင့် စာအုပ်စာစောင်ပြပွဲများကို ပြသခြင်း၊ မြန်မာနိုင်ငံမူးယစ်ဆေးဝါးဆန့်ကျင်ရေးအသင်းမှ မူယစ်ဆိုက ဆန့်ကျင်ကြလက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရသည်။

မြို့နယ်( ပြန်/ဆက် )