စလင်းမြို့၌ စားသုံးရန်မသင့်သည့် အစားအသောက် အမှတ်တံဆိပ်ပါ ကုန်ပစ္စည်းများမှ (၂၅) မျိုးအား စျေးကွက်နမူနာကောက်ယူ စားသုံးသူရေးရာဦးစီးဌာန မကွေး (FDA) မှ ကွင်းဆင်းစစ်ဆေး
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့ စည်ပင်သာယာစျေးကြီး အပြင်ရောင်းချလျက်ရှိသည့် ကုန်စုံဆိုင်နှင့်မုန့်ဆိုင်များအား ဒေသခံပြည်သူများ ဝယ်ယူစားသုံးရာတွင် အန္တရာယ်ကင်းစွာ စိတ်ချယုံကြည်စွာ စားသုံးနိုင်ကြစေရန်အတွက် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန မကွေးတိုင်း (FDA) မှ စားသုံးရန်မသင့်သည့် တားမြစ်ထားသော အစားအသောက် အမှတ်တံဆိပ်ပါကုန်ပစ္စည်းများအား စျေးကွက်အတွင်း ရောင်းချမှုမရှိစေရေး စားသုံးသူရေးရာဦးစီးဌာနမှ ယနေ့နံနက် (၇) နာရီခွဲအချိန်က ကွင်းဆင်းစစ်ဆေးကြကြောင်း သိရသည်။