မရမ်းကုန်းမြို့နယ်တွင် အခွန်ဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲများ ကျင်းပ

မရမ်းကုန်း ဇွန် ၁၄

ရန်ကုန်တိုင်းဒေသကြီး အခွန်ဦးစီးဌာနမှူးရုံးအနေဖြင့် ၂၀၂၄ ခုနှစ်၊ ပြည်ထောင်စု၏အခွန်အကောက်ဥပဒေအပါအဝင် ဌာနမှကောက်ခံလျက်ရှိသောအခွန်အရပ်ရပ်နှင့် ပြေစာအမှတ်တံဆိပ်ကပ်နှိပ် ထမ်းဆောင်ရမည့်လုပ်ငန်းများအပေါ် အခွန်ဆိုင်ရာလိုက်နာဆောင်ရွက်ရမည့် အချက်များနှင့်စပ်လျဉ်းသည့် အခွန်ဆိုင်ရာအသိပညာပေး ရှင်းလင်းဆွေးနွေးပွဲကို ယမန်နေ့ နံနက် ၉ နာရီတွင် မရမ်းကုန်းမြို့နယ်၊ တိုင်းဒေသကြီး ကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းခန်းမ၌ ကျင်းပသည်။

အဆိုပါ ဆွေးနွေးပွဲတွင် ရန်ကုန်တိုင်းဒေသကြီးအခွန်ဦးစီးဌာနမှူး ညွှန်ကြားရေးမှူးဦးနိုင်ထွန်းဦးက အဖွင့်အမှာစကားပြောကြားပြီး၊ ဒုတိယညွှန်ကြားရေးမှူး ဒေါ်သဇင်မြင့်မြတ်နှင့် လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်စံထွန်းတို့က သက်ဆိုင်ရာကဏ္ဍအလိုက် ရှင်းလင်းဆွေးနွေးရာဌာနဆိုင်ရာများနှင့် လုပ်ငန်းရှင်အခွန်ထမ်း စုစုပေါင်း ၂၂၀ ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

ယဉ်မော် (ပြန်/ဆက်)