ကော့သောင်း ဇွန် ၁၅
ကော့သောင်းနယ်စပ်ကုန်သွယ်ရေးအနေဖြင့် ရေထွက်ပစ္စည်းအဓိက ပြည်ပသို့တင်ပို့လျက်ရှိသော စခန်းတစ်ခုဖြစ်၍ နှစ်စဉ်ရေထွက်ပို့ကုန်တိုးမြှင့်တင်ပို့နိုင်ရေးဆောင်ရွက်လျက်ရှိရာ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်အတွင်း လအလိုက်တင်ပို့ရန် လျာထားမှုများအား ပြည့်မီနိုင်ရေးလက်ရှိ ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ ယမန်နေ့နံနက် ၇ ခန့်က ကော့သောင်းမြို့ ရွှေဟင်္သာရပ်ကွက်ရှိ ကော့သောင်း FOB စစ်ဆေးရေးစခန်းတွင် ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့ဖြင့် ကွင်းဆင်းစစ်ဆေးမှု ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ဦးစွာ FOB စစ်ဆေးရေးအဖွဲ့မှ ရေထွက်ပစ္စည်းပြည်ပတင်ပို့မည့်လှေများအား စနစ်တကျစစ်ဆေး ဆောင်ရွက်မှုအခြေအနေအား စစ်ဆေးခဲ့ကြပြီး ခရိုင်ငါးလုပ်ငန်းဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးတင်ထွဋ်၊ ကုန်သွယ်ရေးဦးစီးဌာန ကော့သောင်းကုန်သွယ်ရေးစခန်းတာဝန်ခံ ဦးမျိုးမင်းသန့် ၊မြို့နယ်အကောက်ခွန်ဦးစီးဌာနမှူး ဦးခင်မောင်စိုးတို့မှ သက်ဆိုင်ဌာနအလိုက် ကုန်သွယ်မှုလျှင်မြန်ချောမွေ့စေရေးနှင့် ပို့ကုန်မြှင့်တင်ရေး ဆောင်ရွက်ပေးမှုများ ပြောကြား၍ ကော့သောင်းကုန်သည်အသင်းဥက္ကဋ္ဌ ဦးမျိုးဟန်နှင့် ကုမ္ပဏီလုပ်ငန်းရှင်တစ်ဦးက ရေထွက်ပစ္စည်း ပြည်ပ တင်ပို့မှုနှင့်စပ်လျဉ်း၍ ဆွေးနွေးပြောကြားခဲ့ပြီး ကော့သောင်းကုန်သွယ်ရေးစခန်းမှ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်အတွင်း ရေထွက်ပစ္စည်း ပို့ကုန်တိုးမြှင့်တင်ပိုနိုင်ရေးအတွက် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များ အရေအတွက် ပစ္စည်းတင်ပို့ရာတွင် လွယ်ကူချောမွေ့စွာ တင်ပို့နိုင်ရေးအတွက် ပေါင်းစပ်ဆွေးနွေးခဲ့ကြသည်။ ကော့သောင်းနယ်စပ်ကုန်သွယ်ရေးအနေဖြင့် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် ရေထွက်ပစ္စည်းပို့ကုန်တင်ပို့မှု လှေစီးရေ (၄၀၀၀)စီးတန်ဖိုး အမေရိကန်ဒေါ်လာ (၁၈၅.၂၉၉)သန်းအား ကော့သောင်းတစ်ဖက်ကမ်း ထိုင်းနိုင်ငံ ရနောင်းသို့တင်ပို့နိုင်ခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)