ကန်ကြီးထောင့် ဇွန် ၁၅
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်တွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ မြို့နယ်အတွင်းရှိဈေးများ၌ အမဲ၊ ဝက်၊ ဆိတ်သားများအား သတ်မှတ်ဈေးနှုန်းအတိုင်း ရောင်းချမှု ရှိ/မရှိကို ဇွန်လ ၁၃ ရက်နေ့ နံနက် ၈ နာရီခွဲအချိန်တွင် ကန်ကြီးထောင့်မြို့နယ်၊ အမှတ်(၁)ရပ်ကွက်၊ ကမ်းနားလမ်းရှိ၊ မြို့မစည်ပင်သာယာဈေးနှင့် ဒါးကမြို့မဈေးသို့သွားရောက်ပြီး ကွင်းဆင်းစစ်ဆေးခဲ့ကြကြောင်း သိရသည်။
ထိုသို့သွားရောက်ကြည့်ရှုစစ်ဆေးရာတွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ရှိသူများက ကန်ကြီးထောင့်မြို့မစည်ပင်သာယာဈေးနှင့် ဒါးကမြို့မဈေးရှိ အမဲသား၊ ဝက်သားနှင့် ဆိတ်သားများအား သတ်မှတ်ထားသော ဈေးနှုန်းများနှင့်အညီ ရောင်းချမှုရှိ/မရှိအား ကွင်းဆင်းစစ်ဆေးခဲ့ကြပြီး စျေးရောင်း၊ စျေးဝယ်နေကြသော ပြည်သူများအနေဖြင့် အသားငါးများနှင့်ဟင်းသီးဟင်းရွက်များ၊ အသုံးဆောင်ပစ္စည်းများအား အရောင်း၊ အဝယ်ပြုလုပ်ရာတွင် ပလတ်စတစ်အိတ်များသုံးစွဲမည့်အစား ကြာဖက်၊ အင်ဖက်၊ ငှက်ပျောရွက်၊ ဗာဒံရွက်၊ စက္ကူများစသည့်ပစ္စည်းများဖြင့် အစားထိုးသုံးစွဲကြရန်နှင့် ပလပ်စတစ်အိတ်များကြောင့်ဖြစ်ပေါ်လာသော ဆိုးကျိုးများအား အသိပညာပေးပြောကြားခဲ့ကြောင်း သိရသည်။
ကျော်ဇင်စိုး (ပြန်/ဆက်)