မိုင်းယန်း ဇွန် ၁၅
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယန်းခရိုင်၊ မိုင်းယန်းမြို့နယ်အတွင်းရှိ ကျေးရွာစာကြည့်တိုက်များ ပြန်လည်ရှင်သန်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ယမန်နေ့မွန်းလွဲ ၁ နာရီက မိုင်းလွေကျေးရွာအုပ်စု၊ မိုင်းလွေကျေးရွာအတွင်းရှိ ခေတ်မီစံပြကျေးရွာ စာကြည့်တိုက်အား မြို့နယ် စာကြည့်တိုက်ဖွံ့ဖြိုးတိုးတက်ရေးကြီးကြပ်မှုကော်မတီအဖွဲ့ဝင်များမှ ကွင်းဆင်းဆောင်ရွက်ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်စာကြည့်တိုက် ဖွံ့ဖြိုးတိုးတက်ရေးကြီးကြပ်မှုကော်မတီအဖွဲ့ဝင်များမှ ကျေးရွာစာကြည့်တိုက်များ ပြန်လည်ရှင်သန်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်နေမှုအခြေအနေများနှင့် စာကြည့်တိုက်အတွင်း သန့်ရှင်းရေးနှင့် ပတ်ဝန်း ကျင်သန့်ရှင်းသာယာလှပစေရေး၊ အဆောက်အဦများ ပြန်လည်မွမ်းမံရေး၊ ကျေးရွာနေပြည်သူများ အသိပညာဗဟုသုတတိုးပွားစေရန်အတွက် စာအုပ်စာစောင်များငှားရမ်းဖတ်ရှုနိုင်စေရန် ဆောင်ရွက်လျက်ရှိကြောင်းနှင့် စာအုပ်စာစောင်များ မပျောက်ပျက်စေရေးတို့အတွက် ဝိုင်းဝန်း ဆောင်ရွက်သွားကြရန် ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက ဆွေးနွေးခဲ့ကြပြီး မြို့နယ်မိခင်နှင့်ကလေးကျန်းမာရေးအသင်းအဖွဲ့ဝင်များနှင့် အမျိုးသမီးရေးရာ အသင်းအဖွဲ့ဝင်များမှ စာအုပ်စာစောင်များ ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
ထွန်းထွန်းထူး