သာပေါင်း ဇွန် ၁၅
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၊ ဘုရားနီကျေးရွာအုပ်စု၊ ဘုရားနီကျေးရွာတွင် ဇွန်လ ၁၃ ရက်နေ့ မွန်းလွဲ ၁ နာရီ ၄၀ မိနစ်အချိန်က မိုးရွာသွန်းလေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်(၁)လုံး ပြိုကျ၊ အမှတ်(၃)ရပ်ကွက်တွင် အမိုးလန်နေအိမ်(၁)လုံး၊ ရုံးပင်ကျေးရွာအုပ်စု၊ ဇီးကုန်းကျေးရွာတွင် အမိုးလန် နေအိမ်(၁)လုံးတို့ ပျက်စီးဆုံးရှုံးမှု ဖြစ်ပွားခဲ့သည်။
ထိုသို့ မိုးရွာသွန်းလေပြင်းတိုက်ခတ်မှုကြောင့် သာပေါင်းမြို့နယ်၊ ဘုရားနီကျေးရွာအုပ်စု၊ ဘုရားနီကျေးရွာတွင်နေထိုင်သူ ဦးတင်ထွန်းနှင့်အတူနေ အသက်(၁၈)အထက် အမျိုးသား(၁)ဦး၊ အမျိုးသမီး(၂)ဦး၊ အသက်(၁၈)အောက် အမျိုးသမီး(၁)ဦး ပေါင်း(၄)ဦးတို့ နေထိုင်ရာ(ဓနိမိုး၊ဓနိကာ၊ပျဥ်ခင်း)၊ (၁၈’×၁၅’×၁၅’) နေအိမ်ပြိုကျ၊ အမှတ်(၃)ရပ်ကွက်တွင်နေထိုင်သူ ဦးကောင်းမြတ်စံနှင့်အတူနေ အသက်(၁၈)အထက် အမျိုးသား(၁)ဦး၊ အမျိုးသမီး(၁)ဦး၊ အသက်(၁၈)အောက် အမျိုးသား(၁)ဦး အမျိုးသမီး(၁)ဦး ပေါင်း(၄)ဦးတို့ နေထိုင်ရာ(သွပ်မိုး၊ကျောက်ပြားကာ၊ပျဥ်ခင်း)၊ (၁၈’×၁၅’×၁၅’)နေအိမ် အမိုးလန်၊ ဦးထွန်းထွန်းလင်းနှင့် အတူနေ အသက်(၁၈)အထက် အမျိုးသား(၂)ဦး၊ အမျိုးသမီး(၂)ဦး ပေါင်း(၄)ဦးတို့ နေထိုင်ရာ (သွပ်မိုး၊ပျဥ်ကာ၊ပျဥ်ခင်း)၊ (၁၈’×၁၅’×၁၅’) နေအိမ်အမိုးလန် ပျက်စီးဆုံးရှုံးခဲ့ကြရပြီး ပျက်ဆီးမှုနှင့်ပတ်သက်၍ လူနှင့်တိရစ္ဆာန်များထိခိုက်ဒဏ်ရာရှိခဲ့မှု၊ အသက်အန္တရာယ်ဆုံးရှုံးမှုမရှိပါကြောင်းနှင့် ၎င်းတို့အား နီးစပ်ရာမိဘဆွေမျိုးများနေအိမ်တွင် ယာယီပြောင်းရွှေ့နေထိုင်ရေး ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးနှင့်စာရေးတို့က ပူးပေါင်းကူညီ စီစဉ်ဆောင်ရွက်ပေးထားလျက်ရှိကြောင်း သိရသည်။
မျိုးဇော်သိန်း သာပေါင်း ပြန်/ဆက်