ကျိုက်မရော ဇွန် ၁၅
ဇွန် ၂၆ ရက်တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်း အမှတ်ပန်းချီပြိုင်ပွဲကို ယနေ့နံနက်ပိုင်းက ကျိုက်မရောမြို့ ပြန်ကြားရေးနှင်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနခန်းမ၌ ကျင်းပခဲ့သည်။
ဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဦးစီးအရာရှိ ဒေါ်ချိုမြတ်မြတ်ထွေးက ပန်းချီပြိုင်ပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး ပန်းချီပြိုင်ပွဲကို ဆက်လက်ကျင်းပခဲ့သည်။
အဆိုပါ ပန်းချီပြိုင်ပွဲတွင် ကျိုက်မရောမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ အလယ်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူ ၂၀ ဦးတို့က”မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်“ခေါင်းစဥ်ဖြင့် ပါဝင်ယှဥ်ပြိုင်ခဲ့ကြသည်။ ပြိုင်ပွဲအပြီးတွင် ပြိုင်ပွဲဝင်ကျောင်းသား၊ကျောင်းသူများ၏ ပန်းချီများကို အ.မ.က(လွန်)ကျောင်း အုပ်ဆရာမကြီးများက အကဲဖြတ်စစ်ဆေး၍ ဆုရရှိသူများအား တာဝန်ရှိသူများက ဆုများချီးမြှင့်ခဲ့ကြောင်း သိရသည်။
ချိုမြတ်မြတ်ထွေး(ပြန်/ဆက်)