ကော့ကရိတ်မြို့ ပြန်လည်ထူထောင်ရေးလုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

ကော့ကရိတ် ဇွန် ၁၅

ကရင်ပြည်နယ်၊ကော့ကရိတ်မြို့၊ ဒေါနခန်းမတွင် ယနေနံနက်ပိုင်းက ကော့ကရိတ်မြို့ပြန်လည်ထူထောင်ရေးလုပ်ငန်း ညှိနှိုင်းအစည်း အဝေးကျင်းပပြုလုပ်ရာ ခရိုင်အဆင့်ဌာနဆိုင်ရာဝန်ထမ်းများ တက်ရောက်ကြောင်း သိရသည်။

အစည်းအဝေးတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းဝေက အဖွင့်အမှာစကားပြောကြားခဲ့ပြီး ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီးမင်းခန့်က မြို့လုံခြုံရေးကိစ္စရပ်များအား တပ်မတော်နှင့်အတူ ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း၊ ဌာနဆိုင်ရာများအနေဖြင့် ဝိုင်းဝန်းပူး‌ပေါင်းဆောင်ရွက်စေလိုကြောင်း၊ အကူအညီလိုအပ်ပါက အချိန်မရွေးဆက်သွယ် ကူညီတောင်းခံနိုင်ကြောင်း ဆွေးနွေးခဲ့ သည်။

ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ကျော်ဦးက အကြမ်းဖက်သောင်းကျန်းသူ များကြောင့်မီးလောင်၊ ပျက်စီးဆုံးရှုံးခဲ့ရသည့် ဘုန်းတော်ကြီးကျောင်းများနှင့် သာသနိကအဆောက်အဦများ၊ အခြေခံပညာကျောင်းများနှင့် ကျန်းမာရေးဌာနများအား ပြန်လည်ပြင်ဆင်ဆောင်ရွက် ပြီးစီးမှုအခြေအနေများကို တင်ပြခဲ့ပြီးပြန် လည်ထူထောင်ရေးလုပ်ငန်းနှင့်ပတ်သက်၍ တက်ရောက်လာကြသည့် သက်ဆိုင်ရာကော်မတီအဖွဲ့များနှင့် ဌာနအသီးသီးက ဆောင်ရွက်ထားမှုအခြေအနေများ အား တင်ပြခဲ့ကြကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)