လိပ်သိုမြို့တွင် အလယ်တန်းအဆင့် (Grade-9) ပြီးမြောက်အောင်မြင်ပြီး ပညာဆက်လက်သင်ယူနိုင်မည့်အခွင့်အလမ်းများနှင့် စပ်လျဉ်း၍ အသိပညာပေးဟောပြောပွဲပြုလုပ်
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် အလယ်တန်းအဆင့် (Grade-9) ပြီးမြောက်အောင်မြင်ပြီး ပညာဆက်လက်သင်ယူနိုင်မည့် အခွင့်အလမ်းများနှင့်စပ်လျဉ်း၍ အသိပညာပေးဟောပြောပွဲကို ယမန်နေ့ နံနက်ပိုင်းက ပြုလုပ်ရာ မိဘများနှင့် ကျောင်းသား/ကျောင်းသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။