သံဖြူဇရပ်မြို့နယ် ကျိုက္ခမီမြို့၌ ပင်လယ်ငါးဖမ်းရေလုပ်သားများအတွက် အခြေခံလုပ်ငန်းခွင်ကျွမ်းကျင်မှုသင်တန်း (၂/၂၀၂၄)ဖွင့်လှစ်

မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ သံဖြူဇရပ်မြို့နယ် ကျိုက္ခမီမြို့၌ စိုက်ပျိုးရေးမွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ မြို့နယ်ငါးလုပ်ငန်းဦးစီးဌာနမှ(Basic on Job Skill Training) ပင်လယ်ငါးဖမ်းရေလုပ်သားများအတွက် အခြေခံလုပ်ငန်းခွင်ကျွမ်းကျင်မှုသင်တန်းအမှတ်စဥ် (၂/၂၀၂၄)ဖွင့်လှစ်ခြင်းအခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က ကျိုက္ခမီမြို့မြို့လယ်ဓမ္မာရုံ၌ကျင်းပပြုလုပ်သည်။

မိုင်းတုံမြို့၊ အ.ထ.က မိုင်းတုံစာသင်ကျောင်းတွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၌ မိဘ/ဆရာတွေ့ဆုံပွဲ ကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းတုံခရိုင်၊ မိုင်းတုံမြို့နယ်၊ အ.ထ.က မိုင်းတုံစာသင်ကျောင်းတွင်၂၀၂၄- ၂၀၂၅ ပညာသင်နှစ်၌ မိဘ/ဆရာတွေ့ဆုံပွဲကို ယမန်နေ့နံနက်ပိုင်းကကျင်းပရာ ကျောင်းကော်မတီအဖွဲ့များ၊ ကျောင်းသားမိဘများ၊ ဆရာ၊ ဆရာမများတက်ရောက်ခဲ့ကြောင်း သိရသည်။

ဧရာဝတီတိုင်းဒေသကြီး ကလပ်ပေါင်းစုံ သက်တမ်းအလိုက် အမျိုးသား၊ အမျိုးသမီး ဖိတ်ခေါ်ကြက်တောင်ရိုက်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ

 ဧရာဝတီတိုင်းဒေသကြီး ကလပ်ပေါင်းစုံ သက်တမ်းအလိုက် အမျိုးသား၊ အမျိုးသမီးဖိတ်ခေါ် ကြက်တောင်ရိုက်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲပိုင်းက ပုသိမ်မြို့၊ ကိုးသိန်း အားကစားခန်းမတွင် ကျင်းပခဲ့ရာ ဖွင့်ပွဲအခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဇနီး၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများ၊ ဌာနဆိုင်ရာများ၊ ပြိုင်ပွဲဝင်အသင်းများနှင့် အားကစားဝါသနာရှင်များ တက်ရောက်ခဲ့ကြသည်။

မင်းဘူးမြို့၌ ကလေးအလုပ်သမားဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ ကျင်းပ

မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့၌ အဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို၊ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ ယမန်နေ့ နံနက် ၁၀ နာရီအချိန်က ဆောင်ရွက်ခဲ့ကြသည်။

မိုင်းတုံမြို့နယ်၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းတုံခရိုင်၊ မိုင်းတုံမြို့နယ်၊ မိုင်းတုံအုပ်စု၊ ဝမ်နား‌ကျေးရွာရှိ အခြေခံပညာမူလတန်းစာသင်ကျောင်း၌ လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကို ယမန်နေ့ နေ့လယ် ၂ နာရီ ၃၀ အချိန်က ကျင်းပပြုလုပ်ခဲ့သည်။

ပွင့်ဖြူမြို့နယ် ကျစ်ကိုင်းကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်းရန်ပုံငွေ အဋ္ဌမအကြိမ် ထုတ်ချေး

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများရရှိပြီး မိသားစုဝင်ငွေတိုးပွားစေရန် ရည်ရွယ်၍ ကျစ်ကိုင်းကျေးရွာ၌ အဋ္ဌမအကြိမ်မြောက် မြစိမ်းရောင်ကျေးရွာစီမံကိန်း အရင်းမပျောက်လည်ပတ်ရန်ပုံငွေ ထုတ်ချေးပေးခြင်းကို ယမန်နေ့မွန်းလွဲ ၂ နာရီက အဆိုပါကျေးရွာ၌ ကျင်းပခဲ့သည်။

ငါးသိုင်းချောင်းမြို့၌ လူငယ်များဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန် လူငယ်စကားဝိုင်း ပြုလုပ်

ဧရာဝတီတိုင်းဒေသကြီး၊ ငါးသိုင်းချောင်းမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရေကြည်မြို့နယ်၊ လူငယ်ရေးရာကော်မတီနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်စကားဝိုင်းကို ယမန်နေ့ နံနက် (၁၀) နာရီက ငါးသိုင်းချောင်းမြို့ အလက (ခွဲ) မြို့သစ်ကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

ကျွန်းလှမြို့၌ မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေးဟောပြော

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ၂၀၂၄ ခုနှစ်၊ ဇွန်လ (၂၆) ရက်နေ့ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အကြို မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၈ နာရီက ကျွန်းလှမြို့၊ လူထုအခြေပြုဗဟိုဌာန၌ ကျင်းပသည်။

ကျုံပျော်မြို့နယ် ရှားခဲ အ.ထ.က(ခွဲ) ရွှေဆုရတနာ ကျောင်းဆောင်သစ်အား တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း တက်ရောက်ဖွင့်လှစ်

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် တာဝန်ရှိသူများ လိုက်ပါ၍ ကျုံပျော်ခရိုင်၊ ကျုံပျော်မြို့နယ်၊ ရှားခဲကျေးရွာ၊ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)ရှိ “ရွှေဆုရတနာ” ကျောင်းဆောင်သစ်အား ယမန်နေ့ နံနက် (၉) နာရီက တက်ရောက် ဖွင့်လှစ်ပေးခဲ့သည်။

သဲကုန်းမြို့နယ် အခြေခံပညာအထက်တန်းကျောင်း(ခွဲ) ရွာလှတွင် ၂၀၂၄- ၂၀၂၅ ပညာသင်နှစ် ကျောင်းကောင်စီ ကတိသစ္စာခံယူပွဲ အခမ်းအနားကျင်းပ

ပဲခူးတိုင်းဒေသကြီး နတ်တလင်းခရိုင် သဲကုန်းမြို့နယ် အခြေခံပညာအထက်တန်းကျောင်း(ခွဲ)ရွာလှ တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ကျောင်းကောင်စီကတိသစ္စာခံယူပွဲ အခမ်းအနားကို ယမန်နေ့က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Subscribe to