မိုင်းတုံမြို့နယ်၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကျင်းပ

မိုင်းတုံ   ဇွန်  ၁၅

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းတုံခရိုင်၊ မိုင်းတုံမြို့နယ်၊ မိုင်းတုံအုပ်စု၊ ဝမ်နား‌ကျေးရွာရှိ အခြေခံပညာမူလတန်းစာသင်ကျောင်း၌ လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကို ယမန်နေ့ နေ့လယ် ၂ နာရီ ၃၀ အချိန်က ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် မိုင်းတုံမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဝင်းဝင်းခိုင်က  လူငယ်များစာတတ်မြောက်ရေး ဝိုင်းဝန်းကူညီ‌ပေးနှင့် ကလေးအလုပ်သမားပပျောက်ရေးအကြောင်း ဟောပြောခဲ့သည်။

ဆက်လက်ပြီးမြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှ အားကစားတာဝန်ခံဦး‌ ကျော်ဇင်လတ်က လူငယ်နှင့်အားကစား အခွင့်အလမ်းနှင့် အ.မ.က(ဝမ်နား)စာသင်ကျောင်းမှ ကျောင်အုပ်ဆရာမကြီးဒေါ်စိုးစိုး‌မော်က စာပေဖတ်ရှုခြင်း၏အကျိုးကျေးဇူးများ စသည်ဖြင့် အသိပညာပေး ဟောပြောခဲ့ကြသည်။

ဝင်းဝင်းခိုင်(မိုင်းတုံ၊ ပြန်/ဆက်)