ညောင်ဦး ဇွန် ၁၅
ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်း ပလတ်စတစ်ကင်းစင်ရေး အပတ်စဉ်ပ လတ်စတစ်ကောက်ယူရှင်းလင်းနေလျှက်ရှိရာ Bagan Plastic Campaign အဖွဲ့မှဦး ဆောင်ကာ ပလတ်စတစ်အမှိုက်များသီးသန့်ကောက်ယူခြင်းကို ယနေ့နံနက် ၇ နာရီအချိန်မှစတင်ကာ ညောင်ဦးမြို့ ရွှေစည်းခုံဘုရားကြီးဆောင်ဘက်စောင်း တန်းမှစတင်၍ ပုဂံမြို့ဟောင်းသွားရာ လမ်းဘေးဝဲ/ယာတစ်လျှောက်ရှိ ပလတ်စတစ်အမှိုက်များကို ကောက်ယူရှင်းလင်းခဲ့ကြောင်း သိရသည်။
ညောင်ဦးမြို့နယ် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်း ပလတ်စတစ်ကင်းစင်စေရေး Bagan Plastic Campaign အဖွဲ့မှဦးဆောင်ပြီး ရှေးဟောင်း သုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာန၊ ပုဂံဌာနခွဲမှဝန်ထမ်းများ မြို့နယ် စည်ပင်သာယာရေးအဖွဲ့ဝန်ထမ်းများနှင့် ညောင်ဦးမြို့နယ်အတွင်းရှိ ဟိုတယ်၊ မိုတယ်၊ တည်းခိုခန်းများမှဝန်ထမ်းများ၊ Balloons ဝန်ထမ်းများ၊ ဧည့်လမ်းညွှန်အသင်းမှ အသင်းသား/သူများ၊ စားသောက်ဆိုင်လုပ်ငန်းရှင်များအသင်းမှ အသင်းသား/သူများ၊ ဟိုတယ်လုပ်ငန်းရှင်များအသင်း(ပုဂံဇုန်)မှ ဝန်ထမ်းများသည် ညောင်ဦးမြို့ ရွှေစည်းခုံဘုရား တောင်ဘက်စောင်းတန်းမှစတင်ကာ ပုဂံမြို့ဟောင်း ထီးလိုမင်းလိုဘုရားကြီးအထိ လမ်းဘေးဝဲယာမှ ပလတ်စတစ်အမှိုက်များအား ကောက်ယူ၍စနစ်တကျစွန့်ပစ်ခဲ့ကြောင်း သိရသည်။
ဒီပါလင်း