သံဖြူဇရပ်မြို့နယ်၌ စပါးမျိုးစေ့ချကိရိယာ (Seeder) ဖြင့် မိုးစပါးစိုက်ပျိုးမှု ကွင်းသရုပ်ပြသခြင်း ဆောင်ရွက်

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်တွင် စပါးမျိုးစေ့ချကိရိယာ(Seeder) ဖြင့် စိုက်နည်းစနစ် မှန်ကန်ရေး လက်တွေ့အစေ့ချ စိုက်ပျိုးပြသခြင်းကို ယမန်နေ့ နံနက်က ကျုံကဒတ်ကျေးရွာ တောင်သူတစ်ဦး၏ လယ်ယာမြေ၌ တာဝန်ရှိသူများ ပူးပေါင်းပြုလုပ်ခဲ့ကြသည်။

မိုင်းဆတ်မြို့၌ လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲ ကွင်းဆင်းဆောင်ရွက်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်မြို့၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယမန်နေ့မွန်းလွဲ(၁)နာရီခွဲက အ.လ.က(ကျဒယ်) ကျောင်းတွင် ကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

တနင်္သာရီတိုင်းဒေသကြီး၊ လူမှုရေးရာဝန်ကြီးဦးသက်နိုင် မျက်စိအထူးကုဆေးကုသမှု ဆောင်ရွက်နေမှုများအား ကြည့်ရှုအားပေး

ကျန်းမာရေးဝန်ကြီးဌာန၏ စီစဉ်လမ်းညွှန်မှုဖြင့် တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းမြို့ ပြည်သူ့ဆေးရုံကြီးတွင် ရန်ကုန်မျက်စိအထူးကုသဆေးရုံကြီးမှ မျက်စိအထူးကုဆရာဝန်ကြီးများနှင့် မျက်စိအထူးကုဆေးကုရေးအဖွဲ့တို့သည်  ဇွန်လ(၁၀)ရက်နေ့မှ (၁၉)ရက် နေ့ထိ မျက်စိ ရောဂါဝေဒနာခံစားနေရသော ဒေသခံပြည်သူများအား လိုအပ်သောစမ်းသပ်စစ်‌ဆေးမှု၊ ဆေးကုသပေးမှုများနှင့် ခွဲစိပ်ကုသမှုများဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် တနင်္သာရီတိုင်းဒေသကြီး၊ လူမှုရေးရာဝန်ကြီးဦးသက်နိုင်သည် အဆိုပါ မျက်စိအထူးကု ဆေးကုသနေသည့်နေရာသို့လာရောက်ကြည့်ရှု၍ ပေးစကားများပြောကြားခဲ့ကြောင်း သိရသည်။

အင်္ဂပူမြို့တွင် ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူရေးလုပ်ငန်း လူထုအသိပညာပေး လှုံ့ဆော်ရေး Bill board စိုက်ထူ

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ အင်္ဂပူမြို့တွင် ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူရေးလုပ်ငန်း “ပြည်သူအားလုံးပါဝင်လို့ သန်းခေါင်စာရင်းကောက်ကြစို့” လူထုအသိပညာပေး လှုံ့ဆော်ရေး Bill board စိုက်ထူခြင်းကို ယနေ့နံနက်ပိုင်းက ဆိပ်ကမ်းသာလမ်းဆုံတွင် ဆောင်ရွက်ခဲ့သည်။

ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ရွှေတောင်မြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ကွင်းဆင်းကြည့်ရှုစစ်ဆေး

ပဲခူးတိုင်းဒေသကြီး၊ အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်း/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီး အကဲများ လိုက်ပါ၍ ယနေ့နံနက်ပိုင်းက ရွှေတောင်မြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ကွင်းဆင်းစစ်ဆေးကြည့်ရှုခဲ့ကြောင်း သိရသည်။

မင်းလှမြို့နယ် ဂျင်းရဲမြောင်နှင့်လဲပင်ကျင်းကျေးရွာတွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း (VDP)စီမံကိန်း မိတ်ဆက်ရှင်းလင်းပွဲဆောင်ရွက်

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်မင်းလှမြို့နယ်တွင် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်တွင် နိုင်ငံတော်ထောက်ပံ့ရန်ပုံငွေဖြင့် အကောင်အထည်ဖော်ဆောင်ရွက်မည့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း(VDP)စီမံကိန်း မိတ်ဆက်ရှင်းလင်းပွဲကို ယမန်နေ့နေ့လယ်ပိုင်းက ဂျင်းရဲမြောင်နှင့် လဲပင်ကျင်းကျေးရွာ ဘုန်းကြီးကျောင်းဓမ္မာရုံတို့၌ ကျင်းပလုပ်ခဲ့သည်။

မင်းဘူးမြို့၌ အမှိုက်များအား စနစ်တကျ ခွဲခြားစွန့်ပစ်ခြင်းနှင့် သိမ်းဆည်းခြင်းဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ ကျင်းပ

မကွေးတိုင်းဒေသကြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနနှင့် ဟိုတယ်နှင့်ခရီးသွား ညွှန်ကြားမှုဦးစီးဌာနတို့ ပူးပေါင်းပြီး မင်းဘူးခရိုင်၊ မင်းဘူးမြို့၌ အမှိုက်များအား စနစ်တကျ ခွဲခြားစွန့်ပစ်ခြင်းနှင့် စနစ်တကျ သိမ်းဆည်းခြင်းဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲကို ဇွန်လ ၁၄ ရက် နေ့လည် ၁ နာရီခွဲအချိန်က မင်းဘူးမြို့ရှိ မင်းမင်းဟိုတယ်၌ ကျင်းပပြုခဲ့ကြောင်း သိရသည်။

၂၀၂၄ ခုနှစ် မြန်အောင်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဖလား အသက်(၂၅)နှစ်အောက် အမျိုးသားဖူဆယ်ဘောလုံးပြိုင်ပွဲကျင်းပ

၂၀၂၄ ခုနှစ် မြန်အောင်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဖလား အသက်(၂၅)နှစ်အောက် အမျိုးသားဖူဆယ်ဘောလုံးပြိုင်ပွဲအခမ်းအနားကို ယနေ့နံနက်က မြန်အောင်မြို့နယ် ဆပ်ပြာကျင်းကျေးရွာ Gold Sport Land Futsal ကစားကွင်း၌ ကျင်းပပြုလုပ်သည်။

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း အခြေခံပညာစာသင်ကျောင်းများ စိမ်းလန်းစိုပြည်၊သန့်ရှင်းသာယာလှပမှုရှိစေရေး ကျောင်းအကျိုးပြု စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှု ကြည့်ရှုအားပေး

မွန်ပြည်နယ်အတွင်း အခြေခံပညာစာသင်ကျောင်းများမှာ သန့်ရှင်း၍ စိမ်းလန်းစိုပြည်ပြီး ကျောင်းသူ၊ ကျောင်းသားများ စိတ်အေးချမ်းမြေ့စွာ ပညာသင်ကြားနိုင်ရေးအတွက် မွန်ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းက မော်လမြိုင်မြို့၊ အမှတ်(၁၁)အခြေခံပညာအထက်တန်းကျောင်းဝင်းအတွင်း ခြုံနွယ်များ၊ မြက်များနှင့် အမှိုက်များအား ဌာနဆိုင်ရာများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များ၊ ရပ်ကွက်နေပြည်သူများက စာသင်ကျောင်း စိမ်းလန်းစိုပြည်စေရေးနှင့် သန့်ရှင်းသာယာလှပစေရေးအတွက် ကျောင်းအကျိုးပြု စုပေါင်းသန့်ရှင်းရေး ဝိုင်းဝန်းဆောင်ရွက်နေကြမှုအပေါ် ကြည့်ရှုအားပေးသည်။

အမာမြို့၌ ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူရေးလုပ်ငန်း လူထုအသိပညာပေးလှုံ့ဆော်ရေး ဆိုင်းဘုတ် စိုက်ထူ

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ အမာမြို့၌ ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူရေးလုပ်ငန်းဆောင်ရွက်ရန် “ပြည်သူအားလုံးပါဝင်လို့ သန်းခေါင်စာရင်း ကောက်ကြစို့” လူထုအသိပညာပေးလှုံ့ဆော်ရေး ဆိုင်းဘုတ်စိုက်ထူခြင်းကို ယနေ့နံနက် (၈)နာရီအချိန်က မြို့မ(၂)ရပ်ကွက်၊ အုပ်ချုပ်ရေးမှူးရုံးရှေ့တွင် ဆောင်ရွက်ခဲ့ကြသည်။
Subscribe to