ကျောက်ပန်းတောင်းမြို့ ဘူတာရပ်ကွက်ရှိ ပတ္တမြားစေတီကျောင်းတွင် အဘယသုခလာဘမုနိစေတီတော် ထီးတော်တင်လှူပွဲနှင့် ဗုဒ္ဓါဘိသေက အနေကဇာတင်ပွဲ ကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့ ဘူတာရပ်ကွက်ရှိ ပတ္တမြားစေတီကျောင်းတွင် တည်ထားကိုးကွယ်မည့် အဘယသုခလာဘမုနိစေတီတော်ထီးတော်တင်လှူပူဇော်ပွဲကို ယနေ့ နံနက်(၈:၃၀)နာရီက အဆိုပါ စေတီတော်တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

စလင်းမြို့နယ်အတွင်းရှိ​ ပြည်သူ(၃၉၆၀)ဦးတို့အား စားအုန်းဆီများသက်သာသောစျေးနှုန်းဖြင့် နေ့စဥ်ရောင်းချပေး

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်အတွင်းရှိ၊ စလင်းမြို့မှပြည်သူများနှင့် ဆင်ဖြူကျွန်းမြို့မှ ပြည်သူများအား မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏စီစဥ်မှုဖြင့် မြန်မာနိုင်ငံဆီလုပ်ငန်းရှင်များနှင့် စလင်းမြို့နယ်ဆီလုပ်ငန်းရှင်များပူးပေါင်းစီစဥ်မှု မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ အနီးကပ်ကြီးကြပ်၍ မြို့နယ်အတွင်းမှရပ်ကွက်အသီးသီးမှဒေသခံပြည်သူများကိုသက်သာသောစျေးနှုန်းဖြင့်  ဝယ်ယူစားသုံးနိုင်ရေးအတွက် စားအုန်းဆီများကို ယနေ့နံနက် ၉ နာရီ စနစ်တကျစီတန်း၍ရောင်းချလျက်ရှိကြောင်း သိရသည်။

အရှေ့ပိုင်း၊ အထူးဒေသ(၄) မိုင်းလားဒေသအတွင်း ဒေသခံပြည်သူများအား သွားနှင့်ခံတွင်း ကျန်းမာရေးစောင့်ရှောက် ကုသမှုပေး

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ အထူးဒေသ(၄)မိုင်းလားဒေသအတွင်း ဒေသခံပြည်သူများ သွားနှင့် ခံတွင်း ကျန်းမာရေးစောင့်ရှောက်ကုသရေးလုပ်ငန်းများကို စက်တင်ဘာလ ၇ ရက်မှ ၂၂ ရက်နေ့ထိ ကျန်းမာရေးဝန်ထမ်းများက ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

မင်းတုန်းမြို့နယ်တွင် အသေးစား၊ အငယ်စား၊ အလတ်စား(MSME)လုပ်ငန်းတိုးတက်မှု ကွင်းဆင်းစစ်ဆေး

မကွေးတိုင်းဒေသကြီး၊ မင်းတုန်းမြို့နယ်၊ ပြောင်းပြာကျေးရွာရှိ အသေးစား၊ အငယ်စား၊ အလတ်စား (MSME)လုပ်ငန်း  တိုးတက်မှုအခြေအနေကို ယမန်နေ့ ညနေ ၃ နာရီက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်ဒုတိယဦးစီးမှူး ဦးသန်းစိုးမင်းက ဦးကျော်စိုးဝေ၏ ရတာနာတိုးပရိဘောဂလုပ်ငန်းအား ကွင်းဆင်း စစ်ဆေးခဲ့သည်။

အိန္ဒိယငရုပ်မျိုးစိုက်တောင်သူများ တစ်ပိဿာ ငါးထောင်ကျပ်ရောင်းချရခြင်းကြောင့် အဆင်ပြေနေ

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ် မြေအောက်ရေသွင်းစိုက်ပျိုးသည့် အိန္ဒိယငရုပ်မျိုး စိုက်ပျိုးလျက်ရှိရာ ထွက်ရှိလာသည့် ငရုပ်သီးစိမ်းတစ်ပိဿာ ငါးထောင်ကျပ်ရောင်းချရခြင်းကြောင့် အိန္ဒိယငရုပ်မျိုးစိုက်တောင်သူများအဆင်ပြေနေကြကြောင်း ငရုပ်စိုက်တောင်သူများထံက သိရသည်။

ဘားအံမြို့တွင် (၅၉)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စုပေါင်းသွေးလှူဒါန်း

ကရင်ပြည်နယ်၊ ဘားအံမြို့တွင် (၅၉)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စုပေါင်းသွေးလှူဒါန်းပွဲကို ယနေ့နံနက် (၈:၃၀)နာရီအချိန်ခန့်ကဘားအံမြို့ ပြည်နယ် ပြည်သူ့ဆေးရုံကြီး၌ ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

ကျောက်ဆည်မြို့နယ်၊ ပေါင်လောင်ကြီးကျေးရွာတွင် စိုက်ပျိုးထားသော နနွင်းစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်း

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်၊ ပေါင်လောင်ကြီးကျေးရွာတွင် စိုက်ပျိုးထားရှိသော နနွင်းစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိပြီး နနွင်းပွင့်များ ချိုးယူရောင်းချိန် ဖြစ်သောကြောင့် အပိုဝင်ငွေများရရှိလျက်ရှိကြောင်း သိရသည်။

ကျိုင်းတုံမြို့ရပ်တော်မူဘုရား၌ ဝါတွင်းကာလ စုပေါင်းဆွမ်းလောင်းလှူပွဲ ကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ ဝါတွင်းကာလအပတ်စဉ်ကျင်းပမြဲဖြစ်သည့် စုပေါင်းဆွမ်းလောင်းလှူပွဲကို ယမန်နေ့ နံနက် ၆ နာရီခွဲက ရပ်တော်မူဘုရား၌ကျင်းပရာ တြိဂံဒေသတိုင်းစစ်ဌာနချုပ်တိုင်းမှူးဗိုလ်ချုပ်အောင်ခိုင်ဝင်းနှင့်အဖွဲ့ဝင်များ၊ ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့(ရှမ်းအရှေ့)ဥက္ကဋ္ဌဦးရဲနိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလှိုင်းမောင်မောင်၊ ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ဒေသခံတိုင်းရင်းသား ပြည်သူအလှူရှင်များ တက်‌ရောက်ကြသည်။

ကန့်ဘလူ၌ နိုင်ငံ့၀န်ထမ်းများအားစားအုန်းဆီများ ပြင်ပပေါက်ဈေးထက် ဈေးနှုန်းသက်သာစွာ ရောင်းချပေး

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့တွင် တာဝန်ထမ်းနေသော နိုင်ငံ့ဝန်ထမ်းများ စားသုံးဆီများ ဈေးနှုန်းသက်သာစွာ ဝယ်ယူစားသောက်နိုင်ရန်အတွက် ယနေ့နံနက် ၈ နာရီက ခရိုင်စုပေါင်းရုံး၌ ရောင်းချပေးခဲ့ကြောင်း သိရသည်။

စမ်းချောင်းမြို့နယ် ပြည်သူ့စာကြည့်တိုက် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကဗျာရွတ်ဆိုပြိုင်ပွဲနှင့်နံရံကပ်စာစောင်ပြပွဲ ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်၊ စမ်းချောင်းမြို့နယ်အတွင်းရှိ ကျောင်းသားလူငယ်လူရွယ်လေးများ၏ ကာယ၊ ဉာဏ၊ စာရိတ္တများ ဘက်စုံဖွံ့ဖြိုး တိုးတက်စေရန်ရည်ရွယ်၍ ကဗျာရွတ်ဆိုပြိုင်ပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူးပေါင်း၍ ယမန်နေ့၊ နံနက်(၁ဝ)နာရီက စမ်းချောင်းမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာန၊လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပသည်။
Subscribe to