တပ်ကုန်း ဇွန် ၁၅
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်အတွင်းရှိ စိုက်ပျိုးရေး တောင်သူများအနေဖြင့် မိသားစုစားဝတ်နေရေးအဆင်ပြေစေရန် ၂၀၂၄-၂၀၂၅ ခုနှစ် မိုးသီးနှံများ ဖြစ်သည့် မိုးချည်မျှင်ရှည်ဝါ၊ ဖူးစားပြောင်း၊ ပဲတီစိမ်း၊ နေကြာ၊ နှမ်း၊ မြေပဲနှင့် မီးဖိုချောင်သုံး ဟင်းသီးဟင်းရွက်သီးနှံစုံ စိုက်ပျိုးလျက်ရှိရာ ငရုတ်(စို)များကိုလည်း စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။
တပ်ကုန်းမြို့နယ်တွင် ငရုတ်(စို)များ စနစ်တကျစိုက်ပျိုးနိုင်ရေး၊ မျိုးစေ့ကုန်ကျမှု သက်သာနိုင်ရေး၊ အပင်ဖြစ်ထွန်းကောင်းမွန်နိုင်ရေး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနနှင့် ပူးပေါင်းစိုက်ပျိုးကြောင်း၊ ငရုတ်(စို)ကို ၁၇၃၂ ဧက လျာထားစိုက်ပျိုး၍ ၁၀၉၁ ဧက စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်းနှင့် ငရုတ်(စို)ဆွတ်ခူးချိန်မှာ ဈေးကောင်းရရှိရေး မျှော်လင့်ကြောင်း ငရုတ်(စို)စိုက် တောင်သူ တစ်ဦးထံမှ သိရသည်။
တင်စိုးလွင်