မတ္တရာမြို့နယ်၌ ကမ္ဘာ့သွေးအလှူရှင်များနေ့အထိမ်းအမှတ် သွေးအလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်ပွဲ ကျင်းပ

မတ္တရာ ဇွန် ၁၅

မန္တလေးတိုင်းဒေသကြီး မတ္တရာမြို့နယ်တွင် ယမန်နေ့တွင် ကျရောက်သည့် ကမ္ဘာ့သွေးအလှူရှင်များနေ့အထိမ်းအမှတ်အဖြစ် သွေးအလှူရှင်အသင်းများနှင့် သွေးအလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီက မြို့နယ်ပြည်သူ့ဆေးရုံအစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မတ္တရာမြို့နယ်လုံးဆိုင်ရာ ပရဟိတအသင်းချုပ် အောင်မြေသုခကျောင်းတိုက် ဆရာတော် ဒေါက်တာဘဒ္ဒန္တ‌ခေမိဿရမှ ဩဝါဒကထာမြွက်ကြားခဲ့ပြီး မြို့နယ်ကုသရေးဦးစီးဌာနမှူး ဒေါက်တာတင်အောင်ကျော်မှ ကမ္ဘာ့သွေးအလှူရှင်များနေ့အကြောင်းကို ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် တက်ရောက်လာကြသော ဆရာတော်များ၊ မြို့နယ်ဆရာဝန်ကြီးနှင့် ဌာနဆိုင်ရာအကြီးအကဲများမှ သွေးအလှူရှင်အသင်းများနှင့် သွေးအလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ချီးမြှင့်ခဲ့သည်။

မတ္တရာမြို့နယ်၌ သွေးအလှူရှင်အသင်းများမှ သွေးလှူဒါန်းမှု အလှူရှင်များမှာ အေသွေး(၂၆၉)ဦး၊ ဘီသွေး(၂၇၀)ဦး၊ အိုသွေး(၃၄၀)ဦး အေဘီသွေး(၅၄)ဦး စုစုပေါင်း(၉၅၈)ဦးတို့မှ မြို့နယ်အတွင်း သွေးလိုအပ်သော လူနာရှင်များအတွက် သွေးများလှူဒါန်းပေးလျက်ရှိကြောင်း သိရသည်။

စိုးကျော်သူထွေး(မတ္တရာ)