တောင်ဥက္ကလာပ ဇွန် ၁၆
၂၀၂၄ ခုနှစ်၊ ပြည်နယ်နှင့် တိုင်းဒေသကြီး ရေကူးပြိုင်ပွဲတွင် တံခွန်စိုက်ဆုဖလား (၃)ဆုရရှိခဲ့သော ရန်ကုန်တိုင်းဒေသကြီး ရေကူးအဖွဲ့အား ဂုဏ်ပြုပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲ (၃)နာရီအချိန်က ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်၊ အမှတ်(၁၀) ရပ်ကွက်၊ သုမင်္ဂလာလမ်း၊ ပဒေသာအားကစားခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာအခမ်းအနားကို ရန်ကုန်တိုင်းဒေသကြီး ရေကူးအသင်းအုပ်ချုပ်သူက ပြိုင်ပွဲအတွေ့အကြုံများ ရှင်းလင်းပြောကြားပြီး ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့သည်။ ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်ကာယပညာကော်မတီဥက္ကဋ္ဌ တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးဌေးအောင်က ဂုဏ်ပြုအမှာစကားပြောကြားခဲ့ပြီး ဆုများရရှိခဲ့သော ရန်ကုန်တိုင်းဒေသကြီး ရေကူးအဖွဲ့အား ဂုဏ်ပြုဆုငွေကျပ် (၃၉)သိန်းပေးအပ်ချီးမြှင့်ခဲ့သည်။
အဆိုပါအခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်ကာယပညာကော်မတီဥက္ကဋ္ဌ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးဌေးအောင်၊ တိုင်ဒေသကြီးအဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မြတ်မိုးနှင့် အဖွဲ့ဝင်များ၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ တာဝန်ရှိသူများ၊ ပြိုင်ပွဲဝင်အားကစားသမားများနှင့် မိဘများတက်ရောက်ခဲ့ကြောင်း သိရသည်။
သီတာအေး(ပြန်/ဆက်)