ရပ်စောက်မြို့၌ ဘွဲ့တံဆိပ်တော်ရ သံဃာတော်များအား ထပ်ဆင့်ဂုဏ်ပြုပူဇော်ပွဲနှင့် ပရိယတ္တိသာသနာနုဂ္ဂဟ စာအောင်သံဃာတော်များအား အောင်လက်မှတ်နှင့် အောင်စဉ်ဆုများ ဆပ်ကပ်လှူဒါန်းခြင်းအခမ်းအနား ကျင်းပ

ရပ်စောက် ဇွန် ၁၆

ရှမ်းပြည်နယ်တောင်ပိုင်း၊ ရပ်စောက်မြို့နယ်တွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် သာသနာရေးဝန်ကြီးဌာနမှ ချီးမြှင့်ဆက်ကပ်သော ဘွဲ့တံဆိပ်တော်ရ သံဃာတော်အရှင်သူမြတ် (၃၂) ပါးတို့အား ထပ်ဆင့်ဂုဏ်ပြုပူဇော်ပွဲနှင့် (၇၅)ကြိမ်မြောက် ရပ်စောက်မြို့နယ်လုံးဆိုင်ရာ ပရိယတ္တိသာသန နုဂ္ဂဟ စာအောင်သံဃာတော်များအား စာအောင်လက်မှတ်နှင့် အောင်စဉ်ဆုများ ဆက်ကပ်လှူဒါန်းခြင်းအခမ်းအနားကို ဇွန်လ ၁၃ ရက်နေ့ နံနက် ၉ နာရီခွဲအချိန်က စူဠာမုနိကုသိုလ်တော်ဘုရားကြီး ဓမ္မာရုံ၌ ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ အခမ်းအနားကို နမောတဿ (၃) ကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားကိုဖွင့်လှစ်ပြီး မြို့မဘုရားကြီးကျောင်းဆရာတော် အရှင်သူမြတ်ထံမှ ငါးပါးသီလခံယူ ဆောက်တည်ခဲ့ကြသည်။ ထို့နောက် ပူဇော်ပွဲကျင်းပရေးကော်မတီက ထပ်ဆင့်ဂုဏ်ပြုအပူဇော်ခံ အရှင်သူမြတ်များအား ဂုဏ်ပြုပူဇော်ရခြင်းအကြောင်း ရှင်းလင်းတင်ပြပြီးနောက် တာဝန်ရှိသူများက သံဃာတော်များအား လှူဒါန်းဖွယ်ရာများကို ဆက်ကပ်လှူဒါန်းခဲ့ကြသည်။

ဆက်လက်၍ (၇၅) ကြိမ်မြောက် ပရိယတ္တိသာသနနုဂ္ဂဟ စာပွဲတော် စာအောင်သံဃာတော်များအား ဗထူးတပ်နယ်မှ တပ်နယ်မှူး ဗိုလ်မှူးချုပ်နိုင်ဇော်ဦး၊ တပ်နယ်မှ အရာရှိများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူများက အောင်လက်မှတ်နှင့် အောင်စဉ်ဆုများ ဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သိရှိရသည်။

ဆုမွန်(ပြန်/ဆက်)