တောင်သာမြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ စာဖတ်ဝိုင်း ပြုလုပ်

မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယနေ့နံနက်(၉)နာရီခွဲ အချိန်က  စာပေမြတ်နိုးသူများအဖွဲ့(Book Club)နှင့် စာပေဝါသနာရှင်များမှ စာဖတ်ဝိုင်းပြုလုပ် ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ကျောက်ဆည်ခရိုင် သန့်ရှင်း၍ စိမ်းလန်းစိုပြည်သော ကျောင်းများအကောင်အထည်ဖော်ရေးလုပ်ငန်းအဖွဲ့ ပထမအကြိမ်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် သန့်ရှင်း၍စိမ်းလန်းစိုပြည်သော ကျောင်းများအကောင်အထည်ဖော်ရေးလုပ်ငန်းအဖွဲ့ ပထမအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် (၁၀)နာရီအချိန်က ကျောက်ဆည်ခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

မြောက်ဦးခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စစ်တုရင်ပြိုင်ပွဲကျင်းပ

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြု ဗဟိုဌာန (Community Centre) ခန်းမတွင် စစ်တုရင်ပြိုင်ပွဲကိုယနေ့ နေ့လယ် ၁ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

ရခိုင်ပြည်နယ် မောင်တောမြို့၌ မြို့နယ်အား/ကာကော်မတီ ဥက္ကဋ္ဌဖလား ကလပ်ပေါင်းစုံအသက် ၂၀ နှစ်အောက် အမျိုးသား  ဘောလုံးပြိုင်ပွဲ  ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲပြုလုပ်

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ မောင်တောမြို့၌  အားကစားနှင့်ကာယပညာဦးစီးဌာနမှ ကြီးမှူးကျင်းပသော မြို့နယ်အား/ကာ ကော်မတီဥက္ကဋ္ဌဖလား ကလပ်ပေါင်းစုံ အသက် ၂၀ နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ  ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲကို ယမန်နေ့နေ့လယ် ၃ နာရီအချိန်က အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း ဘောလုံးကွင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။

ငဖဲမြို့နယ် မြစ်ဖျားကျေးရွာအုပ်စုတွင် အိမ်ထောင်စု(၃၀၀)စုအား စားအုန်းဆီ တစ်ပိသာ ငွေကျပ်၄၉၀၀နှုန်းဖြင့်  ဆက်လက်ရောင်းချပေး

မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ၏ ဦးဆောင်မှုဖြင့် ဒေသခံ ပြည်သူများ စားသုံးမှုအဆင်ပြေစေရေးအတွက် အိမ်ထောင်စုတစ်စုလျှင် စားအုန်းဆီ(၁)ပိသာလျှင် ငွေကျပ် ၄၉၀၀ နှုန်းဖြင့်  ကျေးရွာများအရောက် ကွင်းဆင်း၍ ရောင်းချပေးလျက်ရှိရာ ယနေ့မွန်းလွဲ၂နာရီက ငဖဲမြို့နယ်၊ မြစ်ဖျားကျေးရွာအုပ်စု၊ မြစ်ဖျားကျေးရွာ၊အလယ်ကျေးရွာနှင့် စစ်တောကျေးရွာမှ ပြည်သူများအား  မြစ်ဖျားကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးရုံးရှေ့၌   ကွင်းဆင်းရောင်းချပေးခဲ့ကြောင်း သိရသည်။

ပုဗ္ဗသီရိမြို့နယ်၊ ပြည်သူ့စာကြည့်တိုက်၌ ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲနှင့်ဆုချီးမြှင့်ပွဲအခမ်းအနား ကျင်းပ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသား၊ ကျောင်းသူများအားဖိတ်ခေါ်၍ ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို  ယနေ့နံနက်ပိုင်းက ပြည်သူ့စာကြည့်တိုက်၌ ကျင်းပခဲ့သည်။

ပေါက်မြို့နယ်၌ သဘာဝဘေးအန္တရာယ်အသိပညာပေး Talk Show ကျင်းပ

ပေါက်မြို့နယ်၌ သဘာဝဘေးအန္တရာယ်အသိပညာပေး Talk Show ကျင်းပ ပေါက် စက်တင်ဘာ ၂၆ အိနန္ဒာအောင်

မအီမြို့ အမှတ်(၄)ရပ်ကွက် အ.လ.က(ခွဲ) ဆေးထိုးစုရပ်၌ သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး ထိုးနှံပေးခြင်းနှင့် ကျန်းမာရေးအသိပညာပေး ဟောပြောခြင်းများ ဆောင်ရွက်

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊ မအီမြို့၊ အမှတ်(၄)ရပ်ကွက် အ.လ.က(ခွဲ) ဆေးထိုးစုရပ်၌ သားအိမ်ခေါင်းကင်ဆာရောဂါ(HPV) ကာကွယ်ဆေးထိုးနှံခြင်းနှင့် ကျန်းမာရေးအသိပညာပေး ဟောပြောခြင်းကို ယနေ့နံနက်ပိုင်းက မအီမြို့၊ ကျေးလက်ကျန်းမာရေးဌာနမှ ဝန်ထမ်းများက ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကျောက်တော်မြို့ အခြေခံပညာအထက်တန်းကျောင်း အ.ထ.က(မြို့မ)ကျောင် ၌  လူငယ်စကားဝိုင်းကျင်းပ

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊‌ ကျောက်တော်မြို့ အခြေခံပညာအထက်တန်းကျောင်း အ.ထ.က (မြို့မ)ကျောင်း၌ လူငယ်များ စာဖတ်စွမ်းရည်တိုးတက်စေရန်၊ ဗလငါးတန်နှင့် ပြည်စုံသောလူငယ် လူရွယ်များဖြစ်လာစေရန်၊ လူအများနှင့် ဆွေးနွေးပြောဆို ပြုမူတတ် စေရန်စသည့်ရည်ရွယ်ချက်ဖြင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော လူငယ်စကားဝိုင်း ဒုတိယအကြိမ်ကို ယနေ့နံနက် ၁၀ နာရီအချိန်က အဆိုပါကျောင်းခန်းမ၌  ကျင်းပပြုလုပ်ခဲ့သည်။
Subscribe to