လှည်းကူးမြို့နယ်တွင် မိုးစပါးမျိုးစေ့ချကိရိယာ (Seeder)ဖြင့် မျိုးစေ့ချခြင်း ကွင်းသရုပ်ပြစိုက်ပျိုးပွဲ ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးခရိုင် လှည်းကူးမြို့နယ်တွင် ယနေ့နံနက်ပိုင်းက (ဆင်းသုခမျိုး) မိုးစပါး မျိုးစေ့ချကိရိယာ (Seeder)ဖြင့် မျိုးစေ့ချခြင်း ကွင်းသရုပ်ပြစိုက်ပျိုးပွဲကျင်းပခြင်းကို အုန်းနှဲကုန်းကျေးရွာ ကွင်းအမှတ် (၁၀၃၃-က)၊ ဦးပိုင်အမှတ်(၃၉/က) တောင်သူ ဦးနေမျိုးမောင်၏ လယ်မြေ (၅.၀၀)ဧကပေါ်တွင် ကျင်းပပြုလုပ်ခဲ့သည်။

မိုးကုတ်မြို့နယ်တွင် မြို့နယ်သမဝါယမအသင်းစု၏ နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ အစည်းအဝေးကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ မိုးကုတ်မြို့နယ်တွင် မြို့နယ်သမဝါယမအသင်းစု၏ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်နှင့် ၂၀၂၃ - ၂၀၂၄ ဘဏ္ဍာရေးနှစ်၏ နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာအစည်းအဝေးကို ယမန်နေ့ နံနက် (၁၁)နာရီက မြို့နယ် သမဝါယမဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

မင်းဘူး(စကု)မြို့နယ်၌ လူထုဖြန့်ပျိုးပင်ပေါင်း ၅၀၀၀၀ ကို ပျိုးထောင်ထားရှိပြီး ဒေသခံပြည်သူများ အခမဲ့ လာရောက်ထုတ်ယူစိုက်ပျိုးနိုင်

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်၌ မြို့နယ်သစ်တောဦးစီးဌာနက ယခုဘဏ္ဍာနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးရန် ကျောက်တန်းအမြဲတမ်းပျိုးဥယျာဉ်တွင် လူထုဖြန့်ပျိုးပင်ပေါင်း ၅၀၀၀၀ ကို ပျိုးထောင်ထားရှိပြီး ဒေသခံပြည်သူများအနေဖြင့် အခမဲ့လာရောက်ထုတ်ယူ၍ စိုက်ပျိုးနိုင်ကြောင်း အဆိုပါဦးစီးဌာနမှ သိရသည်။

ပေါင်းတည်မြို့နယ် တောင်လွှဲကျေးရွာကုန်ထုတ်လမ်းတွင် ကျွန်းပင် ၁၀၀ စိုက်ပျိုး

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ် ကိုယ်ဝန်ဆောင်ကျေးရွာအုပ်စုအတွင်းရှိ တောင်လွှဲကျေးရွာ ကုန်ထုတ်လမ်း၌ ယမန်နေ့ မွန်းလွဲပိုင်းက သစ်တောဦးစီးဌာနနှင့် ကျေးလက်ဒေသဖွံ့ဖြို့တိုးတက်ရေးဦးစီးဌာနတို့ ပူးပေါင်း၍ သစ်ပင်စိုက်ပျိုးခဲ့ကြကြောင်း သိရသည်။

ဒေးဒရဲမြိုနယ်အတွင်းရှိ အခြေခံပညာကျောင်းများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် တက္ကသိုလ်ဝင်တန်း အောင်ချက်မြင့်မားရေး တွေ့ဆုံဆွေးနွေး

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် သင်ကြားမှုနည်းစနစ်များ ပိုမိုတိုးတက်လာစေရေးနှင့် တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်ချက်မြင့်မားရေးအတွက် အခြေခံပညာကျောင်းအုပ်ကြီးများနှင့် တွေ့ဆုံဆွေးနွေးပွဲကို ယနေ့နံနက် (၁၀) နာရီက အမှတ်(၁) အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်းရှိ ကရဝိက်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

မိုင်းကိုင်မြို့နယ်၊ ၂၀၂၄ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်ကျင်းပ

ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ မိုင်းကိုင်မြို့နယ်၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်သစ်တောဦးစီးဌာနတို့ ပူးပေါင်း၍ ၂၀၂၄ ခုနှစ်၊ မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲတော်ကို ယနေ့ နံနက် ၈ နာရီအချိန်က ဆင်ခြေဖုန်းရှေ့ ကျေးရွာအုပ်စု၊ ဖောင်းမိန်းကျေးရွာ သွားလမ်းအနီး ကွင်းပြင်၌ကျင်းပ ပြုလုပ်ခဲ့ရာ ရှေးဦးစွာ တာဝန်ရှိသူများ ကသစ်ပင်စိုက်ပျိုးပွဲတော်သို့ တက်ရောက်လာသူများအား ပျိုးပင်များ အသီးသီး ပေးအပ်ကြသည်။

ဆီဆိုင်မြို့တွင် ဝန်ထမ်းအိမ်ရာရာနှုန်းပြည့် ပြန်လည်ပြင်ဆင်ပြီးဖြစ်၍ ဝန်ထမ်းများအား ပြန်လည်နေရာချထားပေး

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့တွင် အကြမ်းဖက်သောင်းကျန်းသူများ ဝင်ရောက်ပျက်စီးမှုကြောင်း ပျက်စီးခဲ့သည့် မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ လေးထပ်တိုက်ဝန်ထမ်းအိမ်ရာ အဆောက်အဦနှစ်လုံး ပြန်လည်ပြင်ဆင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ပြီးဖြစ်၍ အန္တရာယ်ကင်းပရိတ်ရွတ်ဖတ်ပူဇော်ခြင်းနှင့် ဌာနဆိုင်ရာဝန်ထမ်းများ ပြန်လည်နေရာချထားပေးခြင်းကို ယမန်နေ့ နံနက်ပိုင်းက အဆိုပါနေရာ၌ ပြုလုပ်ခဲ့သည်။

ပေါင်းတည်မြို့နယ် နွေစပါးစံကွက်ရိတ်သိမ်းပွဲသို့ ပဲခူးတိုင်ဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ကြည့်ရှုအားပေး

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်တွင် ယနေ့ နံနက်ပိုင်းက ကြူတော ကန်ကျေးရွာ၊ ကွင်းအမှတ် ၁၀၉၃ ရှိ တောင်သူဦးစိန်ထွန်း၏ ဗီယက်နမ်မျိုးကွဲ နွေစပါး စိုက်ကွင်း တွင် စံကွက်ရိတ်သိမ်းပွဲကို စိုက်ပျိုးရေးဦးစီးဌာနမှ ကျင်းပပြုလုပ်ခဲ့ရာ ပဲခူးတိုင်ဒေသကြီး အစိုးရ အဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ကြည့်ရှုအားပေးခဲ့သည်။

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူး(တိုင်းဒေသကြီးအုပ်ချုပ်ရေးမှူး) ဦးမောင်မောင်ဆန်း အောင်လံခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် တွေ့ဆုံ

မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ အောင်လံမြို့၌ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့အတွင်းရေးမှူး(တိုင်းဒေသကြီးအုပ်ချုပ်ရေးမှူး) ဦးမောင်မောင်ဆန်းသည် အောင်လံ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့်တွေ့ဆုံပွဲကို ယမန်နေ့နံနက် ၈ နာရီက အောင်လံခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။

ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်အဖွဲ့ဝင်များ ပန်းတောင်းမြို့နယ်အတွင်းရှိ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအားကြည့်ရှုစစ်ဆေး

ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ဦးဆောင်၍ တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်း/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးများလိုက်ပါ၍ ယမန်နေ့မွန်းလွဲ(၂)နာရီအချိန်က ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်အတွင်းရှိ ဒေသဖွံဖြိုးရေးလုပ်ငန်းများကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
Subscribe to