သရက်မြို့ သဟာယစာကြည့်တိုက်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အလှူငွေများလှူဒါန်း

မ‌ကွေးတိုင်းဒေသကြီး၊ သရက်မြို့ရှိ သဟာယစာကြည့်တိုက်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြတ်ထွန်းဦးက အလှူငွေလှူဒါန်းခြင်းအခမ်းအနားကို ယမန်နေ့ နံနက် ၁၀ နာရီက ကျင်းပခဲ့ရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ စာကြည့်တိုက်ကော်မတီဝင်များ တက်ရောက်ခဲ့သည်။

ပေါင်းတည်၌ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် စာဖတ်ဝိုင်းကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမတွင် ယနေ့နေ့လယ် ၂ နာရီက Book Club အဖွဲ့ဝင်များသည် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် စာရေးဆရာ မောင်ကျေးဇူး၏ " လူငယ်တွေလမ်းမမှားနှင့် မူးယစ်ဆေးဝါးအန္တရာယ် " စာအုပ်ဖြင့် စာဖတ်ဝိုင်း ကျင်းပပြုလုပ်ခဲ့ကြသည်။

အိမ်မဲမြို့နယ်မှ မြန်မာတစ်နိုင်ငံလုံးဝိဇ္ဇာတွဲ စတုတ္တအဆင့်ဖြင့် ထူးချွန်စွာအောင်မြင်ခဲ့သော ပုလဲချောင်ကျေးရွာ အ.ထ.က (ခွဲ)ပုလဲချောင်ကျောင်းမှ မောင်ရဲလွင်အောင်နှင့် တွေ့ဆုံမေးမြန်း

အိမ်မဲမြို့နယ်မှ မြန်မာတစ်နိုင်ငံလုံးဝိဇ္ဇာတွဲ စတုတ္တအဆင့်ဖြင့် ထူးချွန်စွာအောင်မြင်ခဲ့သော ပုလဲချောင်ကျေးရွာ အ.ထ.က (ခွဲ)ပုလဲချောင်ကျောင်းမှ မောင်ရဲလွင်အောင်နှင့် တွေ့ဆုံမေးမြန်း အိမ်မဲ ဇွန် ၁၆ မြို့နယ် (ပြန်/ဆက်)

ကျိုင်းတုံမြို့၌ နယ်စပ်ပို့ကုန်တင်ပို့နိုင်မှုဆိုင်ရာ အသိပညာပေး Talk Show ဆွေးနွေး

ကျိုင်းတုံမြို့၌ နယ်စပ်ပို့ကုန်တင်ပို့နိုင်မှုဆိုင်ရာ အသိပညာပေး Talk Show ဆွေးနွေး ကျိုင်းတုံ ဇွန် ၁၆ အောင်ဇင်မြင့်

ကလေးအလုပ်သမား ပပျောက်ရေး အသိပညာပေး Talk Show ပြုလုပ်

ကလေးအလုပ်သမား ပပျောက်ရေး အသိပညာပေး Talk Show ပြုလုပ် ပေါင်းတည် ဇွန် ၁၆ မြို့နယ် (ပြန်/ဆက်)

သုံးခွမြို့နယ် သမစိတ္တကျေးရွာတွင် မြစိမ်းရောင်ကျေးရွာစီမံကိန်း အတိုးရငွေဖြင့် (၁၀.၉၀)သန်းဖြင့် ကျေးရွာတွင်း ဂဝံလမ်းခင်းခြင်းဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သုံးခွမြို့နယ်တွင် စိုက်ပျိုးရေးမွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန မြို့နယ်ငါးလုပ်ငန်းဦးစီးဌာနမှ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်၊ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး မြစိမ်းရောင်ကျေးရွာစီမံကိန်း အတိုးရငွေ (၁၀.၉၀) သန်းဖြင့် သမစိတ္တကျေးရွာတွင်း ဂဝံလမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်မှု အခြေအနေများအား ယမန်နေ့ နံနက် ၁၀ နာရီက ကွင်းဆင်းကြည့်ရှု့စစ်ဆေးခဲ့ကြောင်း သိရသည်။

ကျောက်တန်းမြို့နယ်အတွင်းရှိ သမ၀ါယမ အသင်းသား တောင်သူများထံသို့ သွင်းအားစုများ ပေးအပ်ပွဲကျင်းပ

ရန်ကုန်တိုင်းဒေသကြီး သမဝါယမဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး၏ ကြီးကြပ်မှုဖြင့် သန်လျင်ခရိုင်၊ ကျောက်တန်းမြို့နယ်အတွင်း နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေရယူထားသည့် မြို့နယ်သမဝါယမအသင်းသား တောင်သူများထံသို့ သွင်းအားစုများ ပေးအပ်ပွဲကို ဇွန် ၁၃ ရက် ညနေပိုင်းက ကျောက်တန်းမြို့နယ်၊ ဆင်ကန်ရပ်ကွက်၊ ပဲလှော်ဖို လမ်းဆုံတွင် ပြုလုပ်ခဲ့သည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ် အောင်ပွဲရကချင်ပြည်နယ်လက်ရွေးစင် ရေကူးအသင်းအား မြစ်ကြီးနားလေဆိပ်၌ ဂုဏ်ပြုကြိုဆို

၂၀၂၄ ခုနှစ်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ရေကူးပြိုင်ပွဲတွင် ကချင်ပြည်နယ်အနေဖြင့် ပထမဆုံးအကြိမ်အဖြစ် ပြည်နယ်အတွင်းမှ အားကစားသမားများအား စခန်းသွင်းလေ့ကျင့်ပြီး ဝင်ရောက် ယှဉ်ပြိုင်ခဲ့ရာ ရွှေတံဆိပ်(၃)ခု၊ ကြေးတံဆိပ်(၁)ခုတို့ဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အားလုံးတွင် တတိယအဆင့်ရရှိခဲ့သော ပြည်နယ်လက်ရွေးစင်ရေကူး အသင်းသည် ဇွန် ၁၅ ရက် ည ၇ နာရီခွဲတွင် မြစ်ကြီးနားမြို့သို့ ပြန်လည်ရောက်ရှိခဲ့ရာ စည်ကားသိုက်မြိုက်စွာ ဂုဏ်ပြုကြိုဆိုခဲ့ကြသည်။

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုး ကျေးလက်ဖွံ့ဖြိုးရေးလုပ်ငန်းများအား ကြည့်ရှုစစ်ဆေးပြီး သမဝါယမအသင်းစုမှ ဝါစိုက်တောင်သူများနှင့် တွေ့ဆုံ

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဉီးလှမိုးသည် မိတ္ထီလာ-ကျောက်ပန်းတောင်းလမ်းမှ အိုင့်-သနပ်အိုင့်လမ်း ကတ္တရာခင်းခြင်းလုပ်ငန်းနှင့် ဆည်ကုန်းကျေိးရွာ မြေသားရေကန် ပြန်လည်ပြုပြင်ခြင်းလုပ်ငန်းတို့အား ကြည့်ရှု့စစ်ဆေးပြီး သမဝါယမအသင်းစုမှ ဝါစိုက်တောင်သူများနှင့် တွေ့ဆုံပွဲကို ယနေ့နံနက် ၉ နာရီအချိန်က ရက်ကန်းနှင့် အသက်မွေးပညာသင်တန်းကျောင်း(မိတ္ထီလာ)တွင် ကျင်းပခဲ့ကြောင်း သိရသည်။

ကျိုက်ထိုမြို့နယ်တွင် သွေးလွန်တုပ်ကွေးရောဂါအကြောင်း အသိပညာပေးဆွေးနွေးပွဲ ပြုလုပ်

ကျိုက်ထိုမြို့နယ်တွင် သွေးလွန်တုပ်ကွေးရောဂါအကြောင်း အသိပညာပေးဆွေးနွေးပွဲ ပြုလုပ် ကျိုက်ထို ဇွန် ၁၆ ပြည့်ဖြိုး(ကျိုက်ထို)
Subscribe to