အမ်းမြို့နယ်၌ ခရီးသည်ပို့ဆောင်ရေး မော်တော်ယာဉ်များ စည်းကမ်းနှင့်အညီ စနစ်တကျပြေးဆွဲစေရေး ရှောင်တခင်စစ်ဆေး
ရခိုင်ပြည်နယ်၊ အမ်းခရိုင်၊ အမ်းမြို့နယ်တွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ ကြီးကြပ်မှုဖြင့် ခရီးသည်ပို့ဆောင်ရေး မော်တော်ယာဉ်များအား စည်းကမ်းနှင့်အညီ စနစ်တကျပြေးဆွဲစေရေး ယနေ့ နံနက်ပိုင်းက အောက်ရွာကျေးရွာအုပ်စု ကျော်ဇံဆီဆိုင်ရှေ့လမ်းဆုံ၊ အမ်းမြောက်ကျေးရွာအုပ်စု မော်ဆီဆိုင်ရှေ့နှင့် ဂျင်ကုန်းကျေးရွာအနီး ကားလမ်းတို့တွင် ရှောင်တခင်စစ်ဆေးခြင်းကို ဆောင်ရွက်ခဲ့သည်။