နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး နေပြည်တော်အဆင့် ဌာနဆိုင်ရာများ၊ ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့များနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေး တက်ရောက်

နေပြည်တော်အဆင့်ဌာနဆိုင်ရာများ၊ ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့များနှင့် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ကောင်စီရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီအဖွဲ့ဝင်များ၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီ ဒုတိယမြို့တော်ဝန်၊ အမြဲတမ်းအတွင်းဝန်၊ နေပြည်တော်အဆင့်ဌာနဆိုင်ရာများ၊ ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများ တက်ရောက်ကြသည်။

မိုးနဲမြို့ လူထုအခြေပြုဗဟိုဌာန၌ သွေးလွန်တုပ်ကွေးရောဂါကာကွယ်ရေး (Talk Show) ဆွေးနွေးပွဲ ကျင်းပ

မိုးနဲမြို့ လူထုအခြေပြုဗဟိုဌာန၌ သွေးလွန်တုပ်ကွေးရောဂါကာကွယ်ရေး (Talk Show) ဆွေးနွေးပွဲ ကျင်းပ မိုးနဲ စက်တင်ဘာ ၂၆ မြို့နယ်(ပြန်/ဆက်)

တိုက်ကြီးခရိုင်တွင် အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပ

ပြည်သူတစ်ဉီးချင်းအပေါ်သို့ ကြီးမားစွာ တိုက်ရိုက်သက်ရောက်နေသော ဖိစီးမှုများဖြစ်ပေါ်စေသည့် အသေးစား အဂတိလိုက်စားမှုများကို လျော့နည်းကျဆင်းစေရန်၊ နိုင်ငံတော်အစိုးရက ပြည်သူလူထု၏ လိုအပ်ချက်များနှင့်အညီ လုပ်ဆောင်ပေးနေသည့် ဝန်ဆောင်မှုများကို ပြည်သူလူထုထံသို့ ပိုမိုပြည့်စုံကောင်းမွန်စွာ ဖြည့်ဆည်းပေးနိုင်ရန်နှင့် ပြည်သူ့ဘဏ္ဍာဆုံးရှုံးမှု မဖြစ်ပေါ်စေရေးနှင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေးအသိပညာများ တိုးပွားလာစေရန် ရည်ရွယ်ဆောင်ရွက်ပေးခြင်းများကို သိရှိနိုင်စေရန်ရည်ရွယ်လျက် ရန်ကုန်တိုင်းဒေသကြီး တိုက်ကြီးခရိုင် တိုက်ကြီးမြို့နယ်တွင် အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို အခြေခံပညာအထက်တန်းကျောင်း (မြို့မ) တွင် စက်တင်ဘာလ ၂၆ ရက် နံနက် ၁၁ နာရီက ကျင်းပကြောင်းသိရသည်။

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး လယ်ဝေးမြို့နယ်၊ ရှမ်းစုကျေးရွာတွင် ပလွေးချောင်းရေတိုက်စားမှုကြောင့် ကမ်းပါးပြိုကာ ရွှေ့ပြောင်းခဲ့သည့် လူနေအိမ်လေးလုံးမှ ပြည်သူများအား သွားရောက်၍ ထောက်ပံ့ပစ္စည်းများပေးအပ်

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုးနှင့် တာဝန်ရှိသူများလိုက်ပါလျက် ယနေ့နံနက်ပိုင်းတွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ လယ်ဝေးခရိုင်၊ လယ်ဝေးမြို့နယ်၊ ရှမ်းစုကျေးရွာအုပ်စု၊ ရှမ်းစုကျေးရွာ၌ စက်တင်ဘာ ၂၀ ရက်နေ့ နံနက် ၂ နာရီခွဲ အချိန်ခန့်တွင် ပလွေးချောင်းရေတိုက်စားမှုကြောင့် ကမ်းပါးပြိုကာ လူနေအိမ်လေးလုံး ရွှေ့ပြောင်းခဲ့ရမှု အခြေအနေများကို သွားရောက်၍ ကြည့်ရှုစစ်ဆေးသည်။

ပျဉ်းမနားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ရွေ့လျားစာကြည့်တိုက်ယာဉ်ဖြင့် စာအုပ်၊စာစောင်များငှားရမ်းပေး

ပျဉ်းမနားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ရွေ့လျားစာကြည့်တိုက်ယာဉ်ဖြင့် စာဖတ်သူများလက်ဝယ်အရောက် စာအုပ်များ လိုက်လံငှားရမ်းပေးမှုကို  ရပ်ကွက်‌/ကျေးရွာများအရောက် လိုက်လံငှားရမ်း‌ပေးနေလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် မြို့နယ်ရုံးဝန်ထမ်းများက ဇမ္ဗူသီရိမြို့နယ် အမှတ်(၁၄) အခြေခံပညာအထက်တန်း ကျောင်းနှင့် ဒက္ခိဏသီရိမြို့နယ် မဲဒီးကျေးရွာတို့သို့ သွားရောက်ငှားရမ်းပေးကြသည်။

အင်းစိန်မြို့နယ်၊ အမှတ် (၅) အခြေခံပညာအထက်တန်းကျောင်း၌ လူငယ်အသိပညာပေး ဟောပြောပွဲနှင့် ကျပန်းစကားပြောပြိုင်ပွဲကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ အင်းစိန်မြို့နယ်၌ စာဖတ်ရှိန်မြင့်မားစေရန်၊ အနာဂတ်မျိုးဆက်သစ်လူငယ်များပေါ်ထွန်းလာစေရန်၊ အတွေးအခေါ်များ မြင့်မားလာစေရန်နှင့် ဗလငါးတန်နှင့်ပြည့်ဝသည့် လူငယ်များပေါ်ထွန်းလာစေရန်ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းကျင်းပသော လူငယ်အသိပညာပေး ဟောပြောပွဲနှင့် ကျပန်းစကားပြောပြိုင်ပွဲကို ယနေ့နံနက်(၉)နာရီက အင်းစိန်မြို့နယ်၊ အမှတ်(၅)အခြေခံပညာ အထက်တန်းကျောင်းတွင် ကျင်းပခဲ့သည်။
Subscribe to