ပေါင်းတည်မြို့နယ် တောင်လွှဲကျေးရွာကုန်ထုတ်လမ်းတွင် ကျွန်းပင် ၁၀၀ စိုက်ပျိုး

ပေါင်းတည် ဇွန် ၁၆

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ် ကိုယ်ဝန်ဆောင်ကျေးရွာအုပ်စုအတွင်းရှိ တောင်လွှဲကျေးရွာ ကုန်ထုတ်လမ်း၌ ယမန်နေ့ မွန်းလွဲပိုင်းက သစ်တောဦးစီးဌာနနှင့် ကျေးလက်ဒေသဖွံ့ဖြို့တိုးတက်ရေးဦးစီးဌာနတို့ ပူးပေါင်း၍ သစ်ပင်စိုက်ပျိုးခဲ့ကြကြောင်း သိရ သည်။

အဆိုပါသစ်ပင်စိုက်ပျိုးရာတွင် သစ်တောဦးစီးဌာန မြို့နယ်ဦးစီးမှူး  ဦးဗန်လာအဲငါက သစ်ပင် ပျိုးပင်များအား စိုက်ပျိုးရာတွင် စနစ်တကျစိုက်ပျိုးတက်စေရန် နည်းစနစ်များအား ရှင်းလင်းပြော ကြားခဲ့ပြီးနောက် စိုက်ပျိုးရန် သစ်ပင်ပျိုးပင်များအားပေးအပ်ခဲ့ရာ ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်သန္တာဦးရွှေက လက်ခံရယူ၍  တက်ရောက်လာသော ဒေသခံတောင်သူများအား လွှဲပြောင်းပေးအပ်ကာ တောင်လွှဲကျေးရွာ ကုန်ထုတ်လမ်း၏ လမ်းဘေး ဝဲ၊ ယာ တစ်လျှောက်တွင် ကျွန်းပင် ၁၀၀ အား စုပေါင်း စိုက်ပျိုးခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)