ငဖဲမြို့နယ်၌ ၂၀၂၄ ခုနှစ် မိုးရာသီအကြို စုပေါင်းသစ်ပင်စိုက်ပျိုးပွဲ ကျင်းပ
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင် ငဖဲမြို့နယ်၌ သစ်တောသစ်ပင်များ စိမ်းလန်းစိုပြည်သာယာစေရန်၊ ရာသီဉတုအပူဒဏ်ကာကွယ်နိုင်ရန်နှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းနိုင်ရန် ရည်ရွယ်၍ ငဖဲမြို့နယ် သစ်တောဦးစီးဌာနမှ ၂၀၂၄ ခုနှစ် မိုးရာသီအကြို စုပေါင်းသစ်ပင်စိုက်ပျိုးပွဲတော်ကို ယမန်နေ့နံနက် ၈ နာရီအချိန်က ကျောင်းကုန်းကျေးရွာအုပ်စု ကျောင်းကုန်းကျေးရွာဘုန်းတော်ကြီးကျောင်းဝန်းအတွင်း၌ ကျင်းပခဲ့ကြသည်။