ငဖဲမြို့နယ် မြစ်ဖျားကျေးရွာအုပ်စုတွင် အိမ်ထောင်စု(၃၀၀)စုအား စားအုန်းဆီ တစ်ပိသာ ငွေကျပ်၄၉၀၀နှုန်းဖြင့် ဆက်လက်ရောင်းချပေး
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ၏ ဦးဆောင်မှုဖြင့် ဒေသခံ ပြည်သူများ စားသုံးမှုအဆင်ပြေစေရေးအတွက် အိမ်ထောင်စုတစ်စုလျှင် စားအုန်းဆီ(၁)ပိသာလျှင် ငွေကျပ် ၄၉၀၀ နှုန်းဖြင့် ကျေးရွာများအရောက် ကွင်းဆင်း၍ ရောင်းချပေးလျက်ရှိရာ ယနေ့မွန်းလွဲ၂နာရီက ငဖဲမြို့နယ်၊ မြစ်ဖျားကျေးရွာအုပ်စု၊ မြစ်ဖျားကျေးရွာ၊အလယ်ကျေးရွာနှင့် စစ်တောကျေးရွာမှ ပြည်သူများအား မြစ်ဖျားကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးရုံးရှေ့၌ ကွင်းဆင်းရောင်းချပေးခဲ့ကြောင်း သိရသည်။