မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူး(တိုင်းဒေသကြီးအုပ်ချုပ်ရေးမှူး) ဦးမောင်မောင်ဆန်း အောင်လံခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် တွေ့ဆုံ

အောင်လံ ဇွန် ၁၆

မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ အောင်လံမြို့၌ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့အတွင်းရေးမှူး(တိုင်းဒေသကြီးအုပ်ချုပ်ရေးမှူး) ဦးမောင်မောင်ဆန်းသည် အောင်လံ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့်တွေ့ဆုံပွဲကို ယမန်နေ့နံနက် ၈ နာရီက အောင်လံခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။

အခမ်းအနားတွင် (တိုင်းဒေသကြီးအုပ်ချုပ်ရေးမှူး) ဦးမောင်မောင်ဆန်းက အဖွင့်အမှာစကားပြောကြားခဲ့ပြီး ခရိုင်/မြို့နယ်အဆင့်တက်ရောက်လာသော ဌာနဆိုင်များမှ မိမိတို့ဌာနအလိုက် လုပ်ငန်းဆောင်ရွက်ထားရှိမှုအခြေအနေများအား တင်ပြခဲ့ရာ လိုအပ်သည်များကို ဆက်လက်ဆောင်ရွက်သွားရန် မှာကြားခဲ့ပြီး နိဂုံးချုပ်အနေဖြင့် (တိုင်းဒေသကြီးအုပ်ချုပ်ရေးမှူး) ဦးမောင်မောင်ဆန်းက လုပ်ငန်းများပုံမှန်လည်ပတ်မှုရှိစေရန် လမ်းညွှန်မှာကြားခဲ့ပြီး အခမ်းအနားပိတ်သိမ်းခဲ့ကြောင်း သိရသည်။

မျိုးသိန်း(ပြန်/ဆက်)